Part.1

3.2K 69 6
                                    

အဖေတစ်ခုသားတစ်ခုဘဝအနေနဲ့ ရပ်တည်လာခဲ့တဲ့ ကျွန်တော့်ဘဝက လွန်ခဲ့တဲ့၃နှစ်ကတည်းက တစ်ကောင်ကြွက်ဘဝကိုရောက်ခဲ့တယ်။အဖေမရှိတော့ကတည်းက Bangkokဆိုတဲ့မြို့တော်ကြီးကို စွန့်ခွာပြီး Chaingmaiကိုပြောင်းခဲ့တယ်။အဖေနဲ့ပတ်သက်တဲ့
အရာအားလုံးကိုမေ့နိုင်ဖို့အတွက်ပေါ့။Chaingmaiဆိုလို့ အဲ့မြို့လယ်ကိုမဟုတ် အစွန်အဖျားရှိရပ်ကွက်လေးတစ်ခုတွင်
Cup Cakeဆိုတဲ့အမည်နဲ့ မုန့်ဆိုင်လေးတစ်ခုကိုဖွင့်ခဲ့တယ်။ဆိုင်မှာက ဆိုင်ရှင်လည်းကျွန်တော်
အလုပ်သမားလည်းကျွန်တော်ပေါ့။အဲ့အနီးအနားရပ်ကွက်တွေမှာက စားသောက်ဆိုင်တွေပဲရှိပြီး
ကိတ်မုန့်ဆိုလို့ ကျွန်တော့်ဆိုင်ရယ် ဟိုဘက်ရပ်ကွက်က
အမPanရဲ့မုန့်ဆိုင်ပဲရှိလေသည်။မနက်အစောကြီး၅နာရီလောက်မုန့်တွေဖုတ်တယ် ၇နာရီလောက်ဆိုအသင့်ဖြစ်၍ဆိုင်ခင်းကာ ၈နာရီတွင်ဆိုင်ဖွင့်တယ်လေ။

Someone"P' ရှင်းမယ်နော်

Beam"လာပြီဗျ

ရှင်းမယ်ဆိုတဲ့ကောင်လေးနားသွားကာ ဘယ်လောက်ကျကြောင်းပြော၍

Someone"ဒီမှာP'

Beam"ကောင်းကောင်းသွားပါ နောက်လည်းလာအားပေးပါအုံးနော်လို့အချိုသာဆုံး အဆုံးသတ်လိုက်တယ်။ဆိုင်ရဲ့အပြင်တွင် မှောင်နေပြီဖြစ်သောကြောင့် နာရီကိုမော့ကြည့်ရာ ည၇နာရီခန့်။ထို့ကြောင့် ဆိုင်ပိတ်ရတော့မယ်။၇နာရီခွဲတွင် ဆိုင်သိမ်း၍
ဘယ်သူမှမရှိတော့တဲ့ အိမ်ဆီ နေ့တိုင်းပြန်နေရခြင်းမှာBeamတစ်ယောက်အတွက် မလွယ်ကူချေ။မီးတွေပိတ်၍ တံခါးသော့ခတ်ကာ အိမ်သို့ပြန်လေသည်။နေအိမ်က ဆိုင်ရဲ့မျက်နှာချင်းဆိုင်လမ်းကနေဝင်၍ လမ်းဆုံထပ်ရောက်လျှင်
ဘယ်ဘက်ချိုးကာ လမ်းဆုံးသည်အထိသွားရသောကြောင့် မနီးလှပေ။အရင်နေ့တွေကစက်ဘီးနှင့် ပြန်ပေမဲ့ အခုတွင် ဘီးပေါက်နေသောကြောင့် လမ်းလျှောက်၍သာပြန်ရတော့မည်။
အပူပိုင်းနိုင်ငံတွေထဲမှာပါတဲ့ ထိုင်းနိုင်ငံသည် ယခုအချိန်တွင်
ဆောင်းလယ်ထဲသို့ရောက်သောကြောင့် အခြားသောနိုင်ငံများကဲ့သို့ချမ်းစိမ့်သည်အထိ မအေးနေသော်လည်း ယခုရောက်နေသည်မှာ တောင်တွေထူသောမြို့ဖြစ်သဖြင့် မြူများဆိုင်းကာ အနွေးထည်ဝတ်ထားရလောက်သည်အထိတော့ရှိသည်။သို့သော်
ယခုအခါ အနွေးထည်က ပါးလှသဖြင့် ပိုအေးနေလေရဲ့။
အစွန်အဖျားရပ်ကွက်လေးဖြစ်သည့်အလျောက် မြို့လယ်နှင့်မတူ
လမ်းသွားလမ်းလာများရှင်းနေလေသည်။တစ်နေ့လုံး မုန့်တွေဖုတ်
ဆိုင်ထဲတွင် ဟိုပြေး သည်ပြေး လုပ်နေရသောကြောင့်
ခြေလက်တွေက လေးသယောင်ယောင်။ရုတ်တရက်အနောက်ကပြေးလာသောခြေသံကိုကြားရသဖြင့်
အနောက်ကိုလှည့်ကြည့်ရာ လူတစ်ယောက်ကိုတွေ့လေသည်။
ထိုသူက လမ်းလျှောက်နေတဲ့ကျွန်တော့်ကို ပါးစပ်ပိတ်ကာ
မှောင်နေသည့်ထောင့်တထောင့်သို့ခေါ်ကာ နံရံကိုမှီ၍
အမောဖြေနေရင်း သူပြေးလာသည့်လမ်းကိုစောင့်ကြည့်နေသည်။ထို့နောက် လူလေးယောက်က သူပြေးလာတဲ့ဘက်ကနေ ထွက်လာကာ
ကျွန်တော်တို့အရှေ့ကနေ ဖြတ်ပြေးသွားပါလေရော့။ကျွန်တော့်
ခေါင်းထဲတွင် မေးခွန်းများစွာပြည့်နှက်နေ၍ ဒီလူကဘယ်သူလဲ။
လူဆိုး??သူ့ဘာသာပြေးရင်းငါ့ကို ဘာလို့ဒီလိုလုပ်တာတုန်း စသဖြင့်ပေါ့
သို့သော် လက်ရှိအချိန်တွင်မေးနိုင်ဖို့အခြေအနေမပေး။ကျွန်တော့်ပါးစပ်ကို အုပ်ထားသည့်အခြေအနေပင်။ ထိုသူကိုကြည့်တော့ အနက်ရောင်ဂျက်ကတ်နှင့် ပါးစပ်တွင်Maskပါ တပ်ထားသေးသည်။ ထို့အပြင် ဦးထုပ်ကိုငိုက်ငိုက်ဆောင်းထားသောကြောင့် မည်သူမည်ဝါ ဖြစ်သည်မှန်းမသိ။သူ့နောက်ကို လိုက်လာသော သူများ
မြင်ကွင်းမှပျောက်သွားသောအခါ

Someone"khor thoadဟုတောင်းပန်စကားဆို၍ ကျွန်တော့်ဘေးကနေ ရုတ်တရက်ပြန်ပြေးထွက်သွားသည်။
ပြေးထွက်သွားသော ထိုသူ၏ကျောပြင်အားကြည့်ကာ
Khor thoadဆိုတဲ့စကားက ပဲ့တင်ထပ်လျက်။အရာရာရုတ်တရက်ဖြစ်သွားသောကြောင့် ရင်တုန်နေသလားမသိ။လူလည်း ကြောက်ကြောက်နှင့် အိမ်သို့
သုတ်ချေတင်ကာ သွားလိုက်တော့တယ်။ခုနက ပင်ပန်း၍
လေးနေသော ခြေလက်များက ပေါ့ပါးသွားသည်မှာလည်း ထူးဆန်းလှပေသည်။အိမ်သို့ရောက်သွားတဲ့အခါမှာ မြန်မြန်ဆန်ဆန်ခြေလက်ဆေးကာအိပ်ယာဝင်ဖို့ကြံလေတော့
သည်။ခေါင်းထဲတွင် ဟိုလူက လူဆိုးဖြစ်မယ် ငါ့ကိုများ ပြန်လာသတ်မလားမသိဟုတွေးမိနေသဖြင့် တော်ရုံနှင့်အိပ်မပျော်။သို့သော်

Beam"သိုးတစ်ကောင် သိုးနှစ်ကောင် သိုးသုံးကောင်ဟု
နံရံတွင် ကပ်ထားသောသိုးအုပ်စု အပြုံလိုက်ပုံကြည့်ကာ
လိုက်ရေတွက်နေရင်း အိပ်ပျော်သွားပါလေတော့သည်။
_____________________
"မင်းတို့ကို ဖမ်းခိုင်းလိုက်တာ လူလေးတစ်ယောက်တည်း
အခုထိ ဖမ်းမမိနိုင်ဘူးလား။၎ယောက်နဲ့ ၁ယောက်တောင် မဖမ်းနိုင်တာ ငါ့ဆီက လုပ်အားခလိုချင်နေကြသေးလား။
လူတွေကြည့်တော့ ဗလကြီးတွေ တက်တူးတွေနဲ့ ရှက်ဖို့ကောင်းလိုက်တာကွာ။အခု ငါ့သားဘယ်မှာလဲ?"

Mr.Taeတစ်ယောက် သူ့သားအား လိုက်ဖမ်းခိုင်းလိုက်သော
လူလေးယောက်အား ဖုန်းထဲမှာ ဆူနေခြင်းပင်။

"Bangkokကို မြန်မြန်ပြန်ခေါ်လာခဲ့ အဲ့လူဆိုးကောင်ကို။ နောက်အပတ်ဆို မင်္ဂလာပွဲလုပ်တော့မှာ။ငါမျက်နှာပျက်ရရင် မင်းတို့၎ကောင်အသေပဲ ပြီးတော့မှ ငါ့အဆိုးမဆိုကြနဲ့ ငါအကုန်ပြောပြီးပြီ"ဟုပြောကာ ဖုန်းချသွားလေသည်

"ဆရာကလည်းကွာ သူ့သားက တကယ်အဆိုးဟာကို ငါတို့လို
ဗလကြီးတွေမရှိပေမဲ့ ဖြစ်လိုက်တဲ့ရန်တွေ အိပ်လိုက်ရတဲ့အချုပ်ခန်းကရက်တွေ အများကြီးဟာကို"

"ဟုတ်ပေမဲ့ကွာ ငါတို့အလုပ်က သူ့ကို Bangkokပြန်ခေါ်ဖို့ပဲ
အလုပ်သမားဆိုတော့ အလုပ်ရှင်ရဲ့သဘောက အဓိကပဲလေ"ဟု
တစ်ယောက်တစ်ပေါက်ပြောနေကြလေသည်။ထိုသူတို့ကို
အမှောင်ထဲတွင်ကြည့်နေသည့်သူတစ်ယောက်က

"ဆုတောင်းလေ ပြန်လိုက်ဖို့ကို ငါသူ့လိပ်စာ သိရဖို့ နှစ်တွေအများကြီး ဒီလောက်စုံစမ်းထားရတာ ဟားဟား ငါပြန်လိုက်ပါလိမ့်မယ်အားကြီးကြီး ဆုသာတောင်းနေကြ"
________________________

Gang's DoctorWhere stories live. Discover now