ဘိလိယက်ကို အလှည့်ကျထိုးလိုက်...အရက်ခွက်ကို
တစ်ခွက်ပြီးတစ်ခွက်ဆင့်ကာ သောက်လိုက်နှင့် အချိန်ဖြုန်းနေကြပြီးသည့်နောက် Mingတစ်ယောက် သူ၏မူး၍စင်းကျနေသော မျက်လုံးအစုံကို ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း တိုင်ကပ်နာရီအားကြည့်လိုက်လေသည်။Ming " ည၁နာရီ
စားပွဲခုံပေါ်သို့ မှောက်ကာအိပ်နေသောForthကို လှုပ်နိုးလိုက်ကာ
Ming "ညဥ့်နက်နေပြီ...ငါတို့ပြန်ရအောင်
Forth " အင်း
Forthကို အသာအယာဘေးကနေထိန်းထားရင်း ထိုBarထဲမှ
ယိမ်းထိုးကာထွက်လာသောMingကို သူ့ဒရိုင်ဘာမြင်လေတော့
Mingခေါ်လာသောForthအား သူပါဝိုင်းကူ၍သယ်ပေးကာ
ကားနောက်ခန်းထဲသို့ သွင်းပေးလိုက်သည်။Mingသည်လည်းForth၏နဘေးသို့ ဝင်ထိုင်လိုက်ကာMing " မင်း ဘယ်ပြန်မှာလဲForth
Forth " ငါက...ပြန်ရမယ်...ဘယ်ကိုပြန်ရမလဲ
Ming " ကျစ်...သူငယ်ချင်းအချင်းချင်းကို မရစ်ချင်စမ်းပါနဲ့Forthရာ
Forth " မဟုတ်ဘူးလေ မင်းစဉ်းစားကြည့်...
ငါ့မှာပြန်စရာတွေများတယ်ကွ...ငါ့အဖေအိမ်...
ငါ့ရဲ့စာချုပ်ထဲကမိန်းမအိမ်...ဟ ဟား..ရုတ်တရက်ကြီးထရယ်ကာ သူ့စကားကိုရှေ့ဆက်လိုက်သည်။
Forth " မင်းသိလား တကယ်သွားချင်တဲ့နေရာကျတော့ သွားခွင့်မရှိဘူး။
Forthတစ်ယောက်ပြောပြီးပြီးချင်း မျက်လုံးထောင့်စွန်းနားက လိမ့်ဆင်းလာသော မျက်ရည်စအချို့နှင့်အတူ မျက်လုံးမှိတ်ကာအိပ်ပျော်သွားလေပြီဖြစ်သည်။
Ming " Forth...Forth...ဟာ! အိပ်ပျော်သွားပြီ။
သူ့အဖေအိမ်ကိုပဲမောင်းပါ။Mingသည်လည်း ကားရှေ့ခန်းက ဒရိုင်ဘာအားForthရဲ့အိမ်ကိုမောင်းပို့ဖို့
ပြောပြီးသည့်နောက်အိပ်ပျော်သွားလေသည်။Forthအိမ်ရှေ့သို့ရောက်သည့်တိုင်
နှစ်ယောက်သား အသိမရှိ သတိမရှိ အိပ်ပျော်နေစဲပင်။"သခင်လေးသူငယ်ချင်းက သခင်လေးကိုလာပို့ပါတယ်"
Mr.Tae၏စာကြည့်ခန်းအတွင်းသို့ ဝင်လာကာ
အကျိုးအကြောင်းလာပြောသော အိမ်အကူကောင်လေးကြောင့်
Mr.Taeတစ်ယောက် သူ၏လုပ်လက်စအလုပ်ကိုချကာ
အိမ်အောက်ထပ်သို့ ဆင်းသွားလေသည်။သူ့သားအား
သယ်ပေးထားသောအခြားအိမ်အကူကောင်လေး
နှစ်ယောက်ကိုကြည့်ကာ