မ အတွက်
အပိုင်း (၁၇)
#မအတွက်စပိုက်ကာ
"ပါပါ တစ်ယောက်ရွေးလေ.."
"ဘာ.."
"..တစ်အိမ်ထဲမှာ ပါပါ က မျက်နှာချင်းဆိုင်တောင် ရှောင်နေတာ..နှင်းက ဘာလို့ ဆက်နေရမှာလည်း.."
"နှင်းဆီနက်..နင် အဖေကို အဲလို ပြောရလား.."
"နင် ၀င်မပါနဲ့ နင် ကိစ္စ ကြောင့် အခုလို ဖြစ်နေတာ.."
"နှင်း..တိတ်စမ်း.. သမီးတစ်ယောက်တည်းမို့ အလိုလိုက်လာတာ အခု တော့ အဖေတစ်ယောက်လုံးရှေ့မှာထားပြီးမခန့်လေးစားနဲ့.....တူတူမနေနိုင်ဘူးမလား မနေနဲ့.."
"ပါပါတကယ်ပြောတာနော်..နှင်း တကယ် ထွက်သွားမှာ.."
ပါပါ က ဘာမှ ထပ်မပြောပဲ အခန်းထဲ ၀င်သွားသည်..။
နှင်း အခန်းထဲ ၀င်ပြီး အ၀တ်အစားတွေ အကုန် ထိုးသိပ်ပြီး..အိတ်တွေထဲ ထည့်လိုက်သည်..။
.
"ယာ..ဘယ်မှာလည်း.."
"ရုံမှာ မ.."
"အင်း ပြန်ရင်..ဆိုင်မှာ ၀င်ခေါ်ပေးနော်.."
"မ က ဆိုင်မှာလား.."
"အင်း..ဒါပဲ.."
"ဟူး..ထမင်း..စားပြီးပြီလားတောင် မမေးဘူး.."
ညနေ ၄ နာရီ ဖြစ်တော့မယ်..ထမင်းက မစားရသေး..
အိမ်လည်း ပြန်မစားချင်တော့..
"မိုးဥိး...လက်ဖက်ရည် တစ်ခွက် သွားဝယ်စမ်းကွာ.."
"ဆရာ..ဒံပေါက် ၀ယ်လာရမလား.."
"ဟအေး.."
မိုးဦး ထွက်သွားတော့ ၀င်လာသမျှ ဖုန်းတွေကို ယာ ပဲ ဒိုင်ခံ ဖြေရတော့သည်..။
YOU ARE READING
မ အတွက် (Complete)
Random"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ... သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်... ဒါတွေ အားလုံး မ အတွက်... ငါ စွန့် လွှတ်ထားတယ်.."😭 ~ "...