Part 22

4K 148 13
                                    


မ အတွက်

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

မ အတွက်

အပိုင်း (၂၂)ဇာတ်သိမ်း

#မအတွက်စပိုက်ကာ

"ယာယာ..ထမြန်မြန်.."

"အင်း..ထပီ မ.."

ယာ မျက်လုံးဖွင့် မရသေးပေမဲ့ ထထိုင်လိုက်သည်..။

"မုန့်သွားဝယ်..ပြီးရင် ဆိုင်က မိတ်ကပ်ဘူးပါ ၀င်ယူလာခဲ့.."

"ဟုတ်.."

"နာရီဝက် အတွင်း အရောက်ပြန်လာနော်.."

"ဟာ.."

ယာ အိပ်ယာ ပေါ်က ခုန်ထ မိသည်..။

"မ မုန့်ဝယ်တာနဲ့ ဆိုင်နဲ့ က တစ်လမ်းစီလေ..တစ်နာရီလောက်ကြာမှာ.."

"ငါ လို ချင်တာ ပြောပြီးလေ..နင် အလုပ် က ငါ ခိုင်းတာ ဖြစ်အောင်လုပ်ဖို့"

စကားလုံးပြင်းပြင်းလေသံ မာမာနဲ့ပြောပြီး အခန်းထဲက ပြန်ထွက်သွားသည်..။

မမ က ပါပါ ဆူပြီးကတည်း က ယာ ဆို လုံးဝ မကြည်တော့ စိတ်တိုင်းကျအောင် လိုက်လုပ်ပေးတောင် အပြစ်ချည်းပဲ မြင်နေသည်..။

ယာ အမြန်ဆုံးနီးမဲ့ လမ်းကို ရွေးမောင်းတာတောင် အိမ်ပြန်ရောက်တော့ မမ မရှိတော့ပါ..။

"ဟူး..."

ဆိုဖာမှာ ပစ်ချထိုင်လိုက်တော့ လက်မောင်းက တစ်ချက်ထိသွားသည်..။

"အ.."ပြန်ထပြီး မှန်မှာကြည့်ရသည်..ခုရက်ပိုင်း ပြန်နာနေတာ ဒီတစ်ခါ သွေးထွက်ရင် အချိန်ကြာနေအုံးမှာ..

မမ မနက်က မုန့်် မစားပဲ သွားလို့ စိတ်ပူပေမဲ့ ဖုန်းဆက်လည်း မကိုင်မှာ သိလို့ ဖုန်းလည်း မဆက်ဖြစ်တော့ပါ..။

အလုပ်ကိုရောက်တော့လည်း မမ ဆီပဲ စိတ်ရောက်နေရသည်..။

"မိုးဦး..ကားဝင်တဲ့ ကိစ္စ အဆင်ပြေပလား.."

Has llegado al final de las partes publicadas.

⏰ Última actualización: Mar 17, 2018 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

မ အတွက် (Complete)Donde viven las historias. Descúbrelo ahora