Club အောက်ထပ်၌ မိန်းကလေး အရက်သောက်ပြိုင်ပွဲ ကျင်းပနေသည်။
ယခုယှဉ်ပြိုင်နေသူမှာ Minah နှင့် Yeri ဖြစ်သည်။
Minah က အင်္ကျီ အမဲလက်ပြတ် နှင့် ဂျင်းဘောင်းဘီ အတိုကိုဝတ်ထား သည်
Minah ကို အရက်သောက်တဲ့ နေရာမှာ တော့ဘယ်သူမှမနိုင်ဘူးသေးပါ။
ဒီတစ်ခါမှာ ကောဘယ်သူနိုင်မှာလဲ
Minah နဲ့ Yeri မနားတမ်းသောက်နေကြသည်။
နောက်ဆုံးတစ်ခွက်၌ Yeri မသောက်နိုင်ပဲ အရှံးပေးကာ ထုံးစံအတိုင်း Minah ပဲနိုင်သွားသည်။ သူဘယ်လောက် သောက်နိုင်လည်း ဆိုသည်မှာ နောက်ဆုံးတစ်ခွက်အပြင် နောက်နှစ်ခွက်ပိုသောက်လောက်သေးသည်။Jiyoung : Wow Minah နင် တော်တော် သောက်နိုင်တာပဲ
Minah: he he
ခဏကြာတော့ Minah အန်ချင်လာသည်။
အန်ချင်မှာပေါ့ သောက်တာတွေက နည်းမှမနည်းတာ။
Minah ကအပေါ်ထပ် ရှိတဲ့ အိမ်သာ သို့ ဒယိမ်းဒယိုင် ဝင်သွားသည်။
မူးကလည်းမူးနေတော့ ဘာကိုမှသဲသဲကွဲကွဲမမြင်ရပါ။အထူးသဖြင့် သူကမျက်မှန်တပ်ရပြီး ဒီနေ့မတပ်လာဆော့ ပိုဆိုးတာပေါ့ပထမဦးဆုံး တွေ့တဲ့ အိမ်သာသို့ ဝင်သွားသည်။
အထဲရောက်တော့ သူလူတစ်ယောက် ကိုတွေပင်မဲ့သဲသဲ ကွဲကွဲ မမြင်ရပါ။ သူမမျက်စိကို ပွတ်ပြီး သေချာစိုက်ကြည့် လိုက်တော့ ထိုသူမှာ Jimin ပင်ဖြစ်သည်။ Minah အရမ်းလန့်သွားပြီး မျက်စိပြူးသွားသည် အကြောင်း မှာ Jimin က သေးပေါက်နေသည်။ Minah လည်း ဘာလုပ်ရမလဲ မသိ ကြောင်တောင်နဲ့ မတ်တပ်ရပ်နေသည်။ အသံတစ်သံ မျှမထွက်ပါ။
လူနဲ့ စိတ်တောင်မကပ်တော့ပါ။Jimin လည်းသူ့ကိစ္စပြီးလို့ မှန်ကြည့်လိုက်မှ မှန်ကနေတဆင့် Minah သူ့အား ကြောင်ကြည့်နေတာမြင်လိုက်တဲ့ Jimin တစ်ယောက် မျက်လုံးပြူးကာ ထအော်တော့သည်။ Jimin ရဲ့ ငယ်သံပါအောင်အော်သံ ကြောင့်minah အသိပြန်ဝင်သွားသည်။
Minah လည်းသတိပြန်ဝင်သွားမှ ငယ်သံပါအောင်ထအော်တော့သည်။
အော် သံကို ကြားသွားတဲ့ Suga နဲ့ V က သူတို့ရှိရာသို့ အမြန်လာသည်။
YOU ARE READING
တစ်ခါကရင်ခုန်သံ
FanfictionJin Suga Jungkook V J hope Jimin RM ကျောင်းသားဘဝမှာလူတိုင်းရင်ခုန်ဖူးကြ၊ချစ်ဖူးကြ၊crush ဖူးကြမှာ ဒါပေမယ့်ကျောင်းသားဘဝတုန်းကချစ်သူနဲ့အခုထိ ချစ်နေ၊ တွဲနေတုန်းဆိုတဲ့လူကခပ်ရှားရှားပါပဲ သူတို့တွေရဲ့ကျောင်းသားဘဝကကောဘယ်လိုဖြစ်လာမှာလဲ?