အပိုင်း ၁၁

27 4 2
                                    

ယောက်ျားလေး သန့်စင်ခန်းထဲမှာ Minah ကို တွေ့လိုက်ရသောကြောင့် နှစ်ယောက်လုံးလန့်သွားသည်။

သူတို့နှစ်ယောက်ဝင်လာတော့ Minah လဲ ရှက်ကိုးရှက်ကန်းနဲ့ အခန်းထဲမှထွက်ပြေးသွားကာ suga ကိုတောင်ဝင်တိုက်သွားသေးသည်။ suga လဲ အံ့ဩလွန်းလို့ စကားတစ်ခွန်းမျှတောင်မပြောနိုင်

V: hyung... ဘာတွေဖြစ်နေတာလဲ အဲ့ဒါဘာအခြေအနေတွေလဲ

Jimin: ငါလည်း... မသိတော့ပါဘူးကွာ မေးမနေပါနဲ့တော့

Suga: Yrrr.... ဘာတွေဖြစ်နေတာလဲ လို့မေးနေတယ်လေ ဟုအော်ပြောလိုက်သည်။
(ကိုချေ တို့ကတော့လေ သူများကလေး လန့်သွားအုံးမယ်)

Jimin: hyung.....😭😭😭 ဟု အသံပြဲ ကြီးဖြင့် အော်ကာ Suga ကို ဖက်လိုက်သည်။
(Ro  နေတာ)

Suga ကတွန်းဖယ်လိုက်ကာ

Suga: yrr! ရူးသွားပြီလား

Jimin: မသိတော့ပါဘူးဗျာ.... ဟု ပြောကာ အခန်းထဲမှ ငိုမဲ့မဲ့ မျက်နှာဖြင့် ထွက်သွားသည်။

Suga: ဘာလဲဟ

V: သူနောက် လိုက်သွားရင်ကောင်းမယ် ထင်တယ်

Suga: လိုက်ကို လိုက်သွားသင့်တာ

Vနဲ့ suga တို့လည်း Jimin နောက်ကိုလိုက်သွားသည်။

Minah ကို Jiyoung ရှိရာသို့ အမြန်သွားကာ

Minah: Jiyoung!

Jiyoung: aww minah!! သက်သာရဲ့လား

Minah: သက်သာပါတယ် ဒါပေမယ့်ခေါင်းနည်းနည်း ကိုက်လို့ ငါပြန်နှင့်တော့မယ်နော်

Jiyoung: ပြန်တော့မလို့လား

Minah : omm ခေါင်းနည်းနည်းကိုက်လို့

Jiyoung: ကောင်းပြီလေ အိမ်ရောက်ရင် ဆေးသောက်လိုက်အုံး

Minah: omm bye bye

Jiyoung: bye.

Minah လည်း jiyoungကို နှုတ်ဆက်ပြီးတာနဲ့
ကားပေါ်တက်ကာ အိမ်သို့မြန်မြန်ပြန်တော့သည်။

တစ်လမ်းလုံးလည်း ဟိုအကြောင်းကိုသာ ပြန်မြင်ယောင်မိနေသည်။

Suga က Jimin လက်ကို လှမ်းဆွဲလိုက်သည်။

Suga: Yrr! ဘာတွေဖြစ်ခဲ့တာလဲလို့

Jimin: ဟို...ဟို...

Suga: ပြောမှာသာပြောပါ

Jimin: ပြောပါ့မယ် ဒါပေမယ့် ဒီမှာပြောလို့ အဆင်မပြေဘူး ကားပေါ်မှာပြောပြမယ်။

V: ဘာတွေများမဟုတ်တာ လုပ်ထားလို့ အဲ့လောက်ထိတောင်ဖြစ်နေရတာလဲ

Jimin: အဲ့လိုမဟုတ်ပါဘူး.... တကယ်.

Suga: အား.. ကောင်းပြီ!! ကားပေါ်သွားရအောင်

သူတို့သုံးယောက် ကားပါကင်သို့သွားကာ Jimin ရဲ့ ကားပေါ်မှာထိုင်လိုက်ပြီး

V: အခုပြောလို့ရပြီထင်တယ်

Jimin:ဖြစ်တဲ့ကိစ္စကဒီလို  ............................................................ jimin လည်းသူတို့ကို အကြောင်းစုံရှင်းပြလိုက်သည်။ Jimin ရဲ့ စကားကို ကြားတဲ့ Vနဲ့sugaက ချက်ချင်းဘာမှပြန်မပြောနိုင်...

Jimin: အား... ဘာလို့ ဒီလို့ကြီးတုံ့ပြန်ရတာလဲ
တစ်ခုခု ပြောကြပါအုံး

Jimin စကားဆုံး ၅ စက္ကန့် လောက်ကြာတော့ Suga နဲ့ V အသားကုန်ထရယ်တော့သည် Vဆို Jimin ပုခုံးကို ရိုက်ကာ ရိုက်ကာ ရီတော့သည်။
Sugaဆို အသံတောင်မထွက်တော့ပါ။

Jimin က V ကိုကြည့်ကာ
Jimin: Yrr!!!! မင်းရယ်တာတောင်တော်တော် လွန်နေပြီကို ရိုက်တောင်ရိုက်လိုက်သေးတယ်။

V: hyung အဖြစ်က တော်တော်ရယ်ရတာကို..

Suga: Minah တော့ တော်တော်လန့်သွားမှာပဲ

Jimin: ရယ်ကြပါဗျာ ရယ်ကြပါ.... ကျွန်တော်ကတော့ ကျောင်းမှာသူ့ကိုတွေ့ရင် ဘယ်မျက်နှာနဲ့ကြည့်ရမလဲ တောင်မသိတော့ဘူး

Suga: မင်းက သူ့မျက်နှာကို ကြည့်ချင်သေးတယ်ပေါ့

Jimin: hyung!!!!

Suga: ဒီညတော့ မင်းအိမ်မှာပဲ လိုက်အိပ်တော့မယ်

Jimin: ဘာလို့လဲ

Suga: အခုကိစ္စတွေကို မင်းအမြဲသတိရအောင် လုပ်မလို့

V: ဟုတ်တယ် hyung ပြောတာမှန်တယ်
Jimin hyung အိမ်မှာလိုက်အိပ်ရမယ်

Jimin: အေးပါကွာ.. omma ရေ






တစ်ခါကရင်ခုန်သံDonde viven las historias. Descúbrelo ahora