အလွမ်း(သို့ )ကြယ်အားတမ်းတခြင်း

476 31 2
                                    

''လူတွေကပြောကြတယ် အိမ်မက်ဆိုတာအရူးထခြင်း
တစ်မျိုးပဲတဲ့ ခက်တာကလည်းကိုယ်ကိုတိုင်က
အိမ်မက်မက်နေရတာကိုနှစ်သက်နေတာပဲ…''

''ညဘက်တွေကောင်းကင်ကြီးကိုမော့ကြည့်ပြီး
ကြယ်တွေထဲကအတောက်ပဆုံးကြယ်တစ်စင်းကို
ကိုယ်မင်းအဖြစ်လို့ သတ်မှတ်ပီးတိုင်တည်ပြောဆိုမိတယ်
မင်းအပေါ်မှာထားတဲ့ခံစားချက်တွေအကုန်လုံးကိုပေါ့…''

''ကြယ်တွေအများကြီးထဲက မင်းကိုကိုယ်သေချာမြင်နိုင်
ပေမဲ့ လူတွေအများကြီးထဲကကိုယ့်ကိုမင်းမြင်နိုင်ပါ့
မလား တွေးပူရတာမောလှပါပီလေ… ''

''တစ်ခါတစ်လေ အရူးတယောက်လိုကိုယ်ငိုယိုပီး
ရင်ဖွင့်မိတိုင်း မသိနိုင်တဲ့အခြားတစ်ဖက်ကမင်းကို
  စိတ်ပျက်ရမဲ့အစား ပိုပြီးနှစ်သက်လာမိတယ်…''

  'ဟင်…ပါပါးပုံပြင်တွေကလည်းနားထောင်လို့ 
မကောင်းပါဘူး ဝမ်းနည်းစရာကြီး'

ချစ်ဖို့ကောင်းလွန်းလှသော သားသားမှနှုတ်ခမ်းလေး
ထော်ကာပြောလာသည်...
*သြော် ကလေးငယ်နှင့်တစ်ပုံစံတည်းပါလား.....*

'ပါပါးး ဘာတွေတွေးနေတာလဲ သားသား
မေးနေတာလည်းမဖြေဘူး…ဟွန့် '

'ဟဟား…မဟုတ်ပါဘူးသားသားရယ်ပါပါးမကြား
လိုက်လို့ပါ ဒါပုံပြင်မဟုတ်ဘူးသားသားရဲ့ အင်းးး
ခံစားချက်စာစု လို့ပြောရမလားရင်တွင်းဖြစ်ပေါ့ကွာ'

'ဟာ…ရှုပ်နေတာပဲပါပါးဟာကလည်းတော်ပြီအိပ်တော့
မယ် သားသားကိုကျောကုန်းပွတ်ပေး'

*သြော်…ဒါလည်းကလေးငယ်အတိုင်းပါပဲလား*

*ကလေးငယ်ရေ မင်းအခုကိုယ့်ကိုလှောင်ရယ်နေမလား
ဒါမှမဟုတ်အပြစ်တင်နေမလား သေချာတာတစ်ခု
ကတော့ မင်းကိုယ့်ကိုမုန်းနေမယ်ဆိုတာပါပဲ………
ကလေးငယ်အဲ့အပေါ်ကနေကိုယ့်ကိုမြင်နေရတယ်
မလားကိုယ်တို့ရဲ့ သားသားလေးကိုရောပေါ့…*

AN/ ဆိုအယ် အခုမှFicစရေးမှာပါwpကအစက
မြန်မာfontမမှန်လို့မရေးဘဲနေနေတာ အခုစမ်းကြည့်တာရေးလို့ရလို့ စရေးတော့မှာပါ
ဒီficလေးကိုလက်တန်းချရေးရင်း သဘောကျ
မိလို့ ပထဆုံးတင်မိတာပါ plotကတော့
အဆုံးထိစဉ်းစားထားပြီးပါပြီ ။

💜 Thanks for reading 💜
   🐯💜🐧
    Han So Al💜



Baby...Where stories live. Discover now