'ဟူးးး မိုးကလည်းသည်းလိုက်တာကွာ'
ချန်းယောလ် တီးတိုးရေရွတ်လိုက်မိသည်…အထပ်၂၀မြင့်
သောCompany ရုံးခန်းထဲမှထိုလူသားသည် လျော့တိလျော့ရဲပုံစံဖြင့်ပြူတင်းပေါက်ကိုမှီနေသော်လည်း၆ပေအသာလေးကျော်သောအရပ်အမောင်းအကျီ င်္ရှပ်ပြောင်အဖြူ အားအပေါ်မှမဲပြာရောင်long coatနှင့်လိုက်ဖက်ညီသော မဲပြာရောင်ဘောင်းဘီအနောက်သို့လှန်တင်ထားသောဆံပင်ကေတို့ဖြင့်လွန်စွာမှ smart ကျနေလေသည်။'ကျွီ……'
'ဟင်…လူများလား'
ချန်းယောလ်Companyကားပါကင်မှအထွက်တစ်စုံတစ်ခု
သည်သူ့ကားရှေ့ဖြတ်ပြေးလာသဖြင့်ရုတ်တရက်ဘရိတ်အုပ်မိလိုက်သည်…'အ့..နာလိုက်တာ ငါ့ဒူးခေါင်းလေး'
'ဟိတ်…ကလေးငယ် ဘာဖြစ်သွားသေးလဲ'
'ဟင်…'
ဂျောင်ဆူး ဘေးအိမ်မှသူ့သူငယ်ချင်း မင်ယူ၏အဖေအား
မင်ယူ့  ကိုယ်စားထမင်းချို င့်လာပို့ အပြီး ကားပါကင်
ရှေ့မှအပြန် ရုတ်တရက်ထွက်လာသောကားအားလန့်ပြီး
ချော်လဲသွားခြင်းဖြစ်သည် ဒူးခေါင်းပွန်းသွား၍ညည်းနေသည့်အချိန်'ကလေးငယ်'ဟူသောမိမိအားရင်ထဲတွင်လိပ်ပြာအကောင်ပေါင်းများစွာပျံနေသကဲ့သို့ခံစားရစေသောအသံသြသြတခုအားကြားလိုက်ရသည်။'ဟိတ်…ကလေးငယ် ဘာဖြစ်သွားသေးလဲ ကိုယ်မေးတာ
မကြားဘူးလားဟင်''အာ…ဟုတ် ဟီးးးကျွန်တော်မကြားမိလိုက်လို့ ရပါတယ်
ကျွန်တော်ဘာမှမဖြစ်ပါဘူး အကို'*သြော်ဒီကလေးငယ်နှယ်ဘယ်လိုတောင်ချစ်ဖို့ကောင်းရသလဲဈာန်လျှောအောင်ပြုစားရအောင်လည်းအခုလသည်တပေါင်းလ လည်းမဟုတ်ဂျူလိုင်လကြီးပြီးတော့ကိုယ်ကလည်းရသေ့တစ်ပါး
လည်းမဟုတ်…*'အကို…အကို'
'ဟင်…အာ ဆောရီး ကလေးငယ် ကိုယ်အတွေးလွန်
သွားလို့  အားနာလိုက်တာ''ဒါနဲ့ ကလေးငယ်ကဘယ်လိုလုပ်ဒီကနေဖြတ်ပြေးတာ
တုန်း ''ဟုတ် အကို ကျွန်တော့သူငယ်ချင်းရဲ့အဖေကဒီမှာ
ကားပါကင်ညစောင့်လေ ဒီနေ့ သူမအားလို့ သူ့ အစား
ကျွန်တော်ဦးလေးအတွက်ထမင်းချို င့်လာပို့ တာအဲ့ဒါ
မိုးစဲနေတုန်း မိုးလွတ်အောင်အမြန်ပြေးမိရင်း အခုလို
ဖြစ်ကုန်တာ ဟီးးး'