With sweet rememberences...

2.3K 209 22
                                    

ဒီနေ့ Kai တစ်ယောက် ထူးထူးခြားခြားစောစောနိုးနေသည်။
နိုးနိုးချင်းစဉ်းစားမိတာက မနေ့ကကိစ္စ။

ပြန်တွေးကြည့်လိုက်တော့ အပြုံးတစ်ခုကမျက်နှာမှာနေရာယူလာသလို ရင်ခုန်သံတွေကလည်း အတိုင်းအဆမရှိမြန်ဆန်လာခဲ့ရသည်။

ဆက်တွေးနေလျင် ဒီနေ့အိပ်ရာထဖြစ်တော့မည်
မဟုတ်၍ အတွေးများကိုလက်စသတ်ကာ ရေချိုးခန်းထဲသို့ဝင်ခဲ့သည်။

Hun ကဒီနေ့ စပျစ်ခြံကိုသွားမည် ဟုပြောသည်။ ကျွန်တော်တို့ရဲ့ First date က စပျစ်ခြံထဲမှာပင် ဖြစ်ဖို့များသည်။

Kai ဆင်းလာတော့ ထမင်းဝိုင်းမှာ လူစုံနေပြီဖြစ်သည်။
နံရံကပ်ရှေးဟောင်းနာရီကြီးကတော့ နံပါတ်ခြောက်ကိုညွှန်ပြလျက်...

'တောင်းပန်ပါတယ် ကျွန်တော်နောက်ကျသွားတယ်'

သတင်းစာဖတ်နေသော Mr.Oh က...
'မဟုတ်တာပဲကွာ ဒီမှာကစောစောအိပ်ပြီး စောစောထကြတယ်ကွ Seoul မှာလိုတော့ ဘယ်ဟုတ်မလဲ နောက်တော့ကျင့်သားရသွားမှာပါ'

ခဏတာတည်းခိုနေသော ဧည့်သည်ကိုတစ်သက်လုံးနေမည့်သူလိုရှင်းပြနေသော Mr.Oh ကိုကြည့်၍ Chanyeol နားမလည်နိုင်ပေ။

Kai လည်း Sehun ရှေ့ရှိလွတ်နေသော ခုံတွင်ဝင်ထိုင်လိုက်လေသည်။

ထို့နောက် Mr.Oh မှပင် ထမင်းဝိုင်းကိုစတင်လိုက်သည်။
'ကဲ... သားတို့စားကြလေ'

'Hyung ဒါလေးစားကြည့် ကောင်းတယ်'

'ဒါလေးရောပဲ'
ကျွန်တော့်ပန်းကန်ထဲကိုသာ ဟင်းတွေအများကြီး ထည့်ပေးနေသော Hun ကြောင့် ကျွန်တော်မျက်နှာပူလာသည်။

ဒါ့ကြောင့် စားပွဲအောက်ကနေ သူ့ခြေထောက်ကို အသာလှမ်းကန်ပြီး မျက်ရိပ်မျက်ချည်ပြလိုက်တော့...

'Appa ဖို့ ဒါ Omma ဖို့
Baekhyun hyung ထည့်စားနော် အားမနာနဲ့ ကိုယ့်အိမ်လိုသဘောထား'

ထိုအခါ Chanyeol က စူပုပ်ပုပ်မျက်နှာထားနှင့်...
'Sehun ငါ ကရော'

Hunnie's Idol Hyung and Nini's fanboy(My Idol is My Life)Where stories live. Discover now