About Jong In ~ 2

2.8K 264 2
                                    


Suho ရဲ့စိတ်တွေလည်း လွန်ခဲ့သော၇ နှစ်စီသို့...

''Argishi jelba ခေါက်ဆွဲတစ်ပွဲပဲကျွေးပါဗျာ ဘာခိုင်းခိုင်းလုပ်ပေးပါ့မယ်''

''မသိဘူးကောင်လေးသွားသွား''

ကျွန်တော်လည်း မနေနိုင်တာနဲ့ ဝင်ပြောလိုက်မိတယ်
''Argishi ခေါက်ပွဲနှစ်ပွဲပေးပါ လာ ချာတိတ်''

''စား ဝအောင်စား Hyung ကို အားမနာနဲ့''
ဒီချာတိတ်တော်တော်ဆာနေတယ် ထင်တယ် ခေါက်ဆွဲတစ်ပွဲ ခဏလေးပဲ

စားပြီးသော်...
''မင်းနာမည် ဘယ်လိုခေါ်လဲ''

''Huang Jong In ပါ သူငယ်ချင်းတွေကတော့ Kai လို့ခေါ်ပါတယ်''

''မျိုးရိုးနာမည်က Huang ဆိုတော့ Chinese လား မင်းက Chinese နဲ့လည်းမတူပါဘူး''

''Papa က Chinese Mama က Korean ပါ ကျွန်တော်က Mama နဲ့တူလို့''

''မင်းက ငယ်ငယ်လေးရှိသေးတာပဲ ကျောင်းပြီးပြီလား''

''အထက်တန်းပြီးးပါပြီ''

''အခု အိမ်ပေါ်ကဆင်းလာတာလား ဘာလို့လဲ Hyung ကို အစ်ကိုအရင်းတစ်ယောက်လို သဘောထားပြီးပြောပြ''

''ဒီလိုပါ Hyung ကျွန်တော် ၇ နှစ်သားလောက်ကစတာပါ''

Flash Back...
''Papa လိုက်ပို့ပေးး လိုက်ပို့ပေးပါဆို''

''Jong ကလည်းမဆိုးရဘူးလေ ဒီနေ့ည မိုးသည်းနိုင်တယ်လို့ သတင်းကကြေငြာထားတယ် ဒီအချိန်ကားမောင်းရင် အန္တရယ်များတယ် သားရဲ့''

'' Papa ကလည်း သားအပြေးပြိုင်ပွဲမှာပထမရရင် သားသွားချင်တဲ့နေရာပို့ပေးမယ်ဆို''

''ဒါဆိုလည်း သွားကြတာပေါ့ သခင်လေးရဲ့အမိန့်တော်အတိုင်းပါ''

''သားလည်း လိုက်ခဲ့ Tao''

''Papa ကျွန်တော် စာမေးပွဲရှိလို့ မလိုက်တော့ဘူး''

အဲ့ဒီနေ့က အဖြစ်ဆိုးကြီးကို ကြုံရမယ်ဆိုတာ ကြိုသိခဲ့ရင် ကျွန်တော် Papa ကိုအတင်းအကြပ်ပြောခဲ့မိမှာမဟုတ်ဘူး

ကျွန်တော်ရယ် Papa ရယ် Mama ရယ် ကျွန်တော်သွားချင်နေတဲ့ ကမ်းခြေကိုသွားခဲ့တယ်

ကံကြမ္မာက ကျွန်တော့်ကိုမျက်နှာသာမပေးခဲ့ပါဘူး
Papa ပြောသလို လမ်းမှာမိုးတွေရွာပြီး ကားကချောက်ထဲပြုတ်ကျပြီး ရေထဲကိုကျခဲ့ပါတယ်
Papa က ကျွန်တော် ကမ်းပေါ်ကိုတင်ပေးတယ် ကျွန်တော်အဲ့တုန်းက အရမ်းကြောက်တာပဲ ပြီးတော့ Mama ကိုကယ်ဖို့ ရေထဲပြန်ဆင်းသွားတယ်
ပြီးတော့...

Hunnie's Idol Hyung and Nini's fanboy(My Idol is My Life)Tempat cerita menjadi hidup. Temukan sekarang