လမ်းခွဲပုံပြင် (မြူ-စိုင်း part 6)

140 17 0
                                    

[UNICODE]
"မြူ ကိုပြောတာ နားထောင်နေရဲ့လား"

"အင်း ဆက်ပြောလေ ကိုစိုင်း"

"အင်း မြူ သူငယ်ချင်းက တွန်းပို့လို့ ရည်းစားတွေဖြစ်ခဲ့တဲ့ အဲ့ အစ်မကြီးကို

ကိုရန်မခ မချစ်ခဲ့ပေမယ့်

သူသစ္စာရှိခဲ့တယ်"

"အင်း.. "

မချစ်ခဲ့ဘူးဆိုကတည်းက ဘယ်မိန်းကလေးက ကျေနပ်မှာလဲ ကိုစိုင်းရယ်

"ဒါပေမယ့် တကယ်တော့ အဲ့မိန်းမက ဘဲကွဲကြီး သူက ကိုရန်မခကို သူ့ဘဝကို ဖုံးဖို့အတွက် ဟန်ပြတွဲခဲ့တာ"

"ဟုတ်လား"

"ဟုတ်တယ် သူက တခြားကောင်မလေးနဲ့ တွဲနေတယ်လေ

အဲ့ဒါရှင်းပြဖို့ ကိုရန်မခက လိုက်တော့လည်း သူကပဲ ခံရသလိုလိုနဲ့"

"အော်"

"မြူ ကိုယ်ပြောတာ စိတ်ဝင်စားဖို့ မကောင်းဘူးထင်တယ်"

"မဟုတ်ဘာဘူး ကိုစိုင်းရယ်

မြူ အိမ်ကထွက်လာတာကြာတော့ အိမ်ကစိတ်ပူနေမှာ စိုးလို့ပါ"

"အော် မသိပါဘူး ကိုယ်က နဂိုကတည်းက စကားပြောညံ့တော့

မြူများ စိတ်ရှုတ်သွားတာလားလို့ပါ"

"မဟုတ်ပါဘူး ကိုစိုင်းရယ်"

"ဟုတ်ပါပြီ ကိုစိုင်း ဒီစာအုပ်လေး မြူကို ပေးလိုက်မယ်

ကို ရန်မခရေးထားတဲ့သူ့အကြောင်းတွေ"

"အင်း

ကိုစိုင်းကလေ ကိုရန်မခကို တော်တော်ချစ်တယ်ထင်တယ်နော်"

"ကိုယ့်အစ်ကိုပဲ မြူရယ် ချစ်တာပေါ့"

"အင်း..."

မြူခဏဘာမှမပြောဘဲ ခေါင်းငုံ့ပြီး ကိုစိုင်းဆီက အဖြေမကြားရဲတဲ့ မေးခွန်းကိုမေးလိုက်မိတယ် 

Break Up Stories [ZAWGYI+UNICODE]Onde histórias criam vida. Descubra agora