"ခဏ ထဦး....ဆေးသောက်လိုက်ဦး"
ခပ်သာသာ လှုပ်နှိုးသံနဲ့ ကျွန်တော် နိုးလာတော့ သူက ပြုံးပြနေပြန်တယ်။ ကျွန်တော် ခေါင်းတွေမူးနေတယ်။
"ဆန်ပြုတ် ဝယ်လာတယ်...ဆေးရော သောက်ရမယ်နော်"
တစ်ခန်းလုံးမှာ နှစ်ယောက်တည်း ရှိတာတောင် သူက လေသံလေးနဲ့ ပြောတယ်။
ကျွန်တော့်လက်တွေ တုန်ယင်နေပေမဲ့ သူ့ဆန်ပြုတ်ကို ကုန်အောင် မြန်မြန်သောက်ပစ်လိုက်တယ်။ သူက ရေတစ်ခွက်နဲ့ ဆေးနဲ့ အဆင်သင့်စောင့်နေတယ်။
"အိပ်နေလိုက်နော်....နိုးလာရင် နေကောင်းသွားမှာ"
စိုးရိမ်နေတဲ့ မျက်နှာလည်း မဟုတ်ဘဲ ခပ်ပါးပါးအပြုံးနဲ့ တိုးလျလျလေသံ.....ကျွန်တော် ပြန်အိပ်ပျော်သွားတယ်။
ကယောင်ချောက်ခြား အိပ်မက်တွေ.....
မှောင်မည်း ညစ်ပတ်နေတဲ့ လမ်းကြားတွေ....
တရားရုံးက အမိန့်ချမှတ်လိုက်တဲ့ အသံတွေ....
ကျွန်တော့်ဘေးက မေမေလဲပြိုသွားတဲ့ ပုံရိပ်တွေ.....အဲဒါတွေကို မကြိုက်ဘူး....
တကယ် မကြိုက်ဘူး....မသိချင်ဘူး....သတိမရချင်တော့ဘူး....ကျွန်တော် တစ်ခုခုကို တောင့်တနေပေမဲ့....ဘာကို လိုက်ရှာနေမှန်းလည်း မသိဘူး......
"အိပ်မက်ဆိုးတွေ....အဲဒါ အိပ်မက်ဆိုးတွေ...ကိုယ်တိုင် ကျော်ဖြတ်ပြီး ပြန်လာခဲ့...ကိုယ် စောင့်နေတယ်"
အိပ်မက်ထဲမှာတောင် လေသံတိုးတိုးလေးပဲ ကြားရတယ်။ ဒါပေမဲ့ အပြုံးတစ်ခုကို ကျွန်တော် ထပ်တွေ့ချင်ပါသေးတယ်။
"ရတယ်...noona ရဲ့...ငါက ဘာလို့ လိမ်ရမှာလဲ"
"Chen ရယ်...ကိုယ်လည်း အဆင်ပြေတာမဟုတ်ပဲနဲ့...နောက်တစ်ခါ အိမ်အထိတော့ ခေါ်မလာပါနဲ့ဟာ...ဘာမှယုံရတာ မဟုတ်ဘူး"
YOU ARE READING
Everlasting
Fanfictionခေါင်းစဉ်တွေ အများကြီး မတပ်ပါနဲ့.... ကျွန်တော်က သူ့ကို နည်းနည်းလေး မြတ်နိုးခဲ့ရုံပါ.... CHEN KAI SEHUN Not threesome Just Pure Love #ChenKai