သက်တန်းရောင်စုံပြေးဖြတ်တဲ့အခါ
ပြုံးတော်မူပါ နှုတ်ခမ်းပါး။လန့်စိတ်လှုပ်တုန်လေးပင်တဲ့အခါ
ခိုဝင်လှည့်ပါကိုယ့်အနား။နက်ရှိုင်းခိုလှုံထွေးပွေ့တဲ့အခါ
တောက်ပလှည့်ပါ မျက်ဝန်းများ။=============E.Y.E.S=============
မျက်ဝန်းတစ်စုံဟာ လူတစ်ယောက်ကို
ဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှုပေး
နိုင်သလဲလို့ ရိဖန်စဉ်းစားတိုင်း ပြေးမြင်မိသည်
အရည်လဲ့မျက်ဝန်းခပ်ဝိုင်းဝိုင်းများဟာ
သူ့ဘဝကိုအုပ်စိုးမင်းမူမင်းပြုနေကြောင်း
ရိဖန်သဘောပေါက်ရသည်။ထင်ရှားသည့်မျက်ရစ်တစ်စုံဟာ ယောကျာ်းတစ်ယောက်အတွက်ကြည့်မကောင်းရန်ကောဟူသည်ကား
ချန်းယေ(ည)ာလ်အတွက် သီးသန့်ခြွင်းချက်သွေဖယ်မှုတစ်ရပ်။"ရိဖန်...ငါ့ကိုဘယ်အချိန်အထိစိုက်ကြည့်နေမယ်လို့စိတ်ကူးလဲ ရောက်နေတာကြာပြီဘာတစ်ခွန်းမှမပြောပဲလူကိုဗလိုင်းကြီးကြည့်နေတာငါတောင်မနေတတ်တော့ဘူး"
ညို့အားပြင်းသည်ဟုဆိုလျှင်ပင်မလုံလောက်သေးသော လူတစ်ယောက်အားအကြည့်တစ်ချက်ဖြင့်ဆွဲငင်အသက်လွင့်စေနိုင်သောထိုမျက်ဝန်း
အိမ်များထဲရိဖန်မကြာခဏဆိုသလိုပိတ်မိနေတတ်
သည်။"ဘာဖြစ်လဲ...ချန်း မနေတတ်ပေမယ့်ကိုယ်ကတော့
ချန်းရဲ့ မျက်လုံးတွေကိုစိုက်ကြည့်ရတာသဘောကျတယ်။ အဲ့မျက်လုံးတွေပေါ့ စတွေ့တွေ့ချင်းမှာပဲကိုယ့်အသက်ကို နှုတ်ယူပြီးကိုယ့်နှလုံးသားတွေကိုအပိုင်သိမ်းသွားတာလေ"ရိဖန်မှတ်မိသည်။ ကြင်လည်ရာသတင်းထောက်
လောကထဲတွင်ဟိုဘက်သတင်းစာတိုက်နှင့်ဒီဘက်သတင်းစာတိုက် ဦးသူယူစနစ်ဖြင့်အကြိတ်အနယ်သတင်းလုကြစဉ်အခါက ရိဖန်နှင့်အတူသတင်းတစ်ခုအားအပြိုင်လိုက်နေခဲ့သည့် သတင်းထောက်လေးရဲ့မျက်လုံးများကြောင့် ရိဖန်ခြေတစ်လှမ်းနောက်ကြပြီး သတင်းယူဖို့အထိမေ့လျော့ခဲ့တာ။"ရိဖန်ပဲစကားတွေသိပ်တတ်နေ... တော်ပါကွာ
ပထမဆုံးချိန်းတွေ့တာကိုအဲ့လိုကြီးပဲကည့်ပြီးပြီးသွားမလို့လား။ နည်းနည်းပါးပါးအမှတ်တရလေးတွေလုပ်ရအောင်လေနော်"
![](https://img.wattpad.com/cover/143956998-288-k716280.jpg)