Luhan အိပ်ယာမှနိုးလာသည်။
ဟုတ်သည်။
နူးညံ့လွန်းသော အိပ်ယာထက်မှ
အိပ်ရေးဝစွာနဲ့ကို နိုးလာခြင်းဖြစ်သည်။" imm~~~ "
ဝေဝါးနေသောမျက်လုံးတွေကိုပွတ်သပ်လိုက်ပြီး
ငုတ်တုတ်ထထိုင်လိုက်သည့်အခါ
သူရောက်နေသောအခန်းသည် လွန်စွာမှခမ်းနားကြောင်းမြင်လိုက်ရသည်။ရွှေရောင်ဝင်းဝါနေသောမျက်နှာကျက်မှ
တလတ်လတ်ထနေသော မီးဆိုင်းကြီးများ...မျက်နှာကျက်မှသည် ကြမ်းပြင်ထိအောင်
ဖန်မှန်ပြတင်းရှည်ြကီးများနှင့်
ကြက်သွေးရောင်လိုက်ကာရှည်များ...တစ်ချိန်က ဘုရင်တွေမိဖုးရားတွေနေခဲ့သော
နန်းဆောင်ကြီးတွေလိုကြီးကျယ်လှပလွန်းနေသည်။ပါးစပ်စေ့ရန်ပင်မေ့နေသော
Luhan ရုတ်တရက်တစ်ခုခုကိုသတိရလိုက်သည်။သူ ရောက်နေတာ သုခဘုံများလား?
ဒါဆို ဟိုမှောင်မဲမဲအခန်းကရော?
သူငရဲကျနေတာမဟုတ်ဖူးလား?
သူ ငရဲသားကြီးနဲ့တောင်တွေ့ခဲ့သေးတယ်လေ...
မျက်လုံးနီနီ အမွှေးရှည်ရှည်နဲ့ဟာက ငရဲမင်းကြီးများလား?
အခုသူရောက်နေတာ သုခဘုံဆိုရင်
အဲ့ဒိဟာကအိမ်မက်များလား?သုခဘုံကိုရောက်ပြီးငရဲကိုအိမ်မက်မက်ခဲ့တာများလား?
" ဒါက တကယ်ဘဲ သုခဘုံလား?"
"ဒါကနန်းတော်ပါ... "
ခပ်တိုးတိုးရေရွတ်လိုက်သောသူ့အသံနောက်မှ
ခပ်စွာစွာအသံစူးစူးလေးကိုကြားလိုက်ရသည်။နေပါဦး!
သူ့အိမ်မက်ထဲမှာလည်း ဒီလိုပြောတာကြားဖူးတယ်
အဲ့ဒိတုန်းကတော့ နာရီတစ်လုံးကသူ့ကိုစကားပြောခဲ့တာဘဲ!အခုရော ဘာကြီးလဲ?
" ဘယ်သူလဲ?!!...ကျနော့်ကိုစကားပြောနေတာဘယ်သူလဲ?!!"
ESTÁS LEYENDO
Beauty And The Beast
FanficOh Sehun ♡ LuHan အရှင်က တောကောင်ကြီးဆို... ကျနော်ကအရှင့်အတွက် မင်းသမီးလေး။