Part 1

486 74 9
                                    

Zawgyi

ပြာလဲ့နေသော ကောင်းကင်ယံထက်မှ နေမင်းကြီးဟာ ထွန်းလင်းနေသလို ကမ္ဘာလောကကြီး တစ်ခွင်ကိုလည်း အနွေးဓာတ်တွေဖြင့် လွှမ်းခြုံထားပေးသည်။ ပန်းပွင့်ရာသီမို့ အလှိုင်လှိုင် ပွင့်နေတဲ့ မက်မွန်ပင် လမ်းတစ်လျှောက် နေရောင်ခြည် ဖြာကျမှုအကူအညီဖြင့် တန်ဖိုးကြီး ပန်းချီကားတစ်ချက် လိုလှပနေသည်။ထိုမက်မွန်ပင်ကြီးတွေကြား ကိုယ်စိုက်ထားခဲ့တဲ့ အပင်ငယ်လေးတွေက ထိုးထိုးထောင်ထောင်၊ အပင်တွေကအရမ်းကြီး ငယ်သေးတာတော့မဟုတ်ပေမယ့် ပန်းပွင့်လာဖို့အတွက် သင့်တော်တဲ့အရွယ်တော့ ရောက်ရှိနေပြီဆိုရမည်။

"မက်မွန်ပန်းတွေ ပွင့်ခဲ့ပြန်ပြီ ကောင်လေး မင်းကော ဘယ်ဆီမှာလဲ"

လမ်းတစ်လျှောက်ကိုငေးမောကြည့်ရင်းမှ တီးတိုးစွာရေရွတ်မိရင်း.................

သူကော အခုချိန်ဆို ဘယ်အရွယ်ရောက် နေပါမလဲ။ ကျွန်တော့်ထပ်အရပ်နိမ့်ပြီး ပိန်ပါးတဲ့ကလေးက အခုကော အဲ့ပုံစံတိုင်းကြီးပြင်းနေသလား၊ ဒါမှမဟုတ် ကျွန်တော့်ထပ်ပင်ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေသလား။မင်းရဲ့ Hyung ကတော့ အရင်က ပုံစံအတိုင်း ပုပုသေးသေး လေးကိုမင်းမြင်ရင် ရယ်မှာသေချာတယ်။

သြော်သူ့အကြောင်းကိုယ့်အကြောင်း သေချာမသိပါပဲ ငယ်ငယ်က သံယောဇဉ်တစ်ခုတည်းကြောင့်ပဲ သူများသားသမီးကို လွမ်းနေရတာ ရယ်စရာတော့ ကောင်းသား။အကယ်၍ ပြန်တွေ့ခဲ့မယ်ဆိုရင် သူ့အကြောင်းအစုံကို သိချင်မိပါရဲ့။သူကော ကျွန်တော့်ကို ပြန်တွေ့ခဲ့ရင်မှတ်မိပါ့မလား အရင်လို Hyung လို့ခေါ်ဦးမှာလား။

"Arr ​ကျောင်းစတတ်​တဲ့​နေ့မှာ ​နောက်​ကျ​နေ​တော့မှာပဲ "

ဒါKyung Soo ဆိုတဲ့ကောင်လေးရဲ့ နေ့စင်လုပ်ဆောင် တာတွေထဲကတစ်ခုပေါ့။ဒီကလေးက အခုဆို အထက်တန်း ​နောက်ဆုံးနှစ်ကိုတောင် ရောက်ရှိနေခဲ့ပြီပေါ့။
အချိန်တွေဟာလည်း ကြာခဲ့ပြီ ငယ်ငယ်ထဲက ကွဲသွားတဲ့  ကောင်လေးနဲ့ အခုထိပြန်မတွေ့နိုင် သေးတာကလွဲလို့ သူ့ဘဝမှာ သူတစ်ယောက်ထဲ ပျော်ရွှင်စွာ နေတတ်ခဲ့တာ ကျင့်သားတောင်ရနေပါပေါ့လား။

Peach's Diary🌸🌸Where stories live. Discover now