Episode-2
Jinသည် စားပွဲ ပေါ်ရှိပစ္စည်းများကို တွန်းချပစ်ကာ ငယ်ရွယ်လှသော အသက်အရွယ် အားအင်ကြောင့်ပစ္စည်းများသည် လျှင်မြန်စွာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ တချို့ပစ္စည်းများမှာ ကွဲသွားခဲ့သည်။
Jin၏ စိတ်တိုင်းမကျမှုဒေါသများသည် မီးတောင်အလား ပေါက်ကွဲထွက်ခဲ့ကြသည်။
Company managerများသည် jin၏နံဘေးတွင် ရပ်ရင်း ခေါင်းကိုအောက်ငုံထားသည်။
Jinသည် ဒေါသအရှိန်ဖြင့် မျက်နှာတစ်ခုလုံးနီရဲလာပေသည်။
"မင်းတို့ အလုပ်ကို ဘယ်လုပ်လုပ်နေကြလား အခုငါ့တို့ လေ လံဆွဲထားတဲ့ ပန်းချီကား ကိုပြန်ရောင်းပြီး အရင်းကိုယူရမယ့်ကိန်း ဒီ companyမှာ ဘာလို့ အသုံးမကျတဲ့သူတွေများရတာလဲ"
"Boss ကျနော်တို့ companyရှယ်ယာဈေးလည်း ထိုးကျနေပါတယ် boss"
"မင်းတို့လုပ်ပုံက အသုံးမှမကျတာ ရှယ်ယာဈေးတွေ တက်အောင်ကျအောင်ချုပ်ကိုင်တာလည်း မင်းတို့တွေပဲ အဲတာကို ငါ့ကိုလာဖြေရှင်းခိုင်းနေတယ် မင်းတို့လုပ်တဲ့လုပ်ရပ်တွေကိုငါ့ကိုဖြေရှင်းခိုင်းနေတယ် မင်းတို့ လုပ်ရပ်တွေဖြေရှင်းနေရအောင် ငါ့က မင်းတို့နွားလည်းမဟုတ်ဖူး"
Jinစကားကြောင့် company managerများ မျက်နှာတစ်ချက်ပျက်သွားသည်။
Jinသည် အကျီင်္ချိတ်တွင်ချိတ်ထားသော coatကို ယူကာ အခန်းအပြင်သို့ထွက်သွားသည်။
" အတွင်းရေးမှုး Lee အခန်းထဲမှာပွနေလို့တစ်ချက်လောက်ရှင်းပေးပါ....ဒီနေ့meeting ရှိလည်း ကျနော်မတက်ဖူး ...."
အတွင်းရေးမှုး Leeကိုလှမ်းပြောကာ ဓာတ်လှေကား ဆီသို့သွားကာ အောက်သို့ဆင်းသွားသည်။
At Han river>>>
Jin တစ်ယောက် ကားနံဘေးတွင်မတ်တပ်ရပ်ကာ မြစ်ဘက်မှလာသောလေ ကို ရူရှိုက်ကာ