part 2

247 27 5
                                    

"oh sehun"

chan ရဲ့ သြရှရှစကားသံဟာ ဒီအချိန်မှာတော့ ကျနော့်နားထဲ ခါးသီးစွာ ဖြတ်သန်းသွားလေရဲ့

"himm yeol ya wae"

"အဲ့ကော်ဖီဘူး ဒီနားယူလာခဲ့"

chan ရယ် မင်းကို မင်းကောင်မလေးတွေနဲ့ တွဲပီးတွေ့ရင် ငါ့ရင်ဘက်ဘယ်လောက်နာတယ်ဆိုတာ မင်းမသိသလား ဒါမှမဟုတ်မသိချင်ယောင်များဆောင်နေသလား

"အင့် ရော့"

ကျနော်ကော်ဖီဘူးကို သူ့ဆီထိုးပေးလိုက်တယ် သူ့ပေါင်ပေါ်က မိန်းမကတော့ ခနဲ့တဲ့တဲ့ မျက်နှာပေးနဲ့ ကျနော့်ကို ကြည့်နေလေရဲ့ hk ကျနော်ဆိုတာလည်း လူတိုင်းရဲ့ ခနဲ့ခံ လူတန်းစားလိုကို ဖြစ်နေပါပီ

"bae ရော့ ကိုမင်းသောက်ချင်တယ်ဆိုလို့ ဝယ်ခိုင်းလိုက်တာ"

တဆိတ် chan ya မင်းငါဝယ်ပေးတဲ့ ကော်ဖီကိုတော့ အဲ့မိန်းမကို မတိုက်သင့်ဘူးလေကွာ ငါဒီလောက် အပြေးအလွှားဝယ်လာတာ မင်းသောက်စေချင်လို့လေ ငါ့မှာတော့ chan စောင့်နေတော့မှာပဲဆိုပီး ပြေးလာလိုက်ရတာ အခုတော့ အဲ့မိန်းမအတွက်တဲ့လား chan မင်းရက်စက်တတ်ပါတယ်

"အာ့ကြောင့် yeollie ကို yeon ကချစ်နေရတာ"

ကျနော့်မျက်လုံးမှာ တွဲခိုလာတဲ့ အရည်တွေကို မျက်တောင်နဲ့ ခပ်ထုတ်ပီး ကျနော့်နေရာကိုပဲ သွားထိုင်လိုက်တော့တယ် နောက်တန်းက သူတို့နှယောက် ကျီစယ်နေတဲ့အသံတွေတော့ ရင်အကွဲခံပီး နားထောင်နေရလေရဲ့
~~~~~~~~~~~~~~~~~~~~~~~~~~
ကျောင်းဆင်းတော့ ကျတော်အိမ်ပဲ တန်းပြန်လာတော့တယ် အိမ်ဆိုတာ chan ရဲ့အိမ်ပေါ့ဗျာ အဲ့အိမ်မှာ သူရယ် ကျတော်ရယ် အိမ်တော်ထိန်းကြီးရယ်ပဲ ရှိတာ ကျတော်က ငယ်ငယ်လေးကတည်းက chan တို့အိမ်မှာ နေတာလေ papa က china မှာရှိတာဆိုတော့ ကျတော့်ကို သူ့သူငယ်ချင်းသား chan အိမ်မှာ ထားခဲ့တာလေ chan နဲ့ ပျတော်က ငယ်ငယ်တုန်းက အတော်ကို ချစ်ကြတဲ့ သူငယ်ချင်းတွေလေ အဲ့ကိစ္စ မတိုင်ခင်ထိပေါ့ဗျာ.......

ကျတော် စဉ်းစားရင်း လမ်းလျှောက်လာတာ ရှေ့က မင်ဂီတို့ အုပ်စုကို မမြင်ဘူး ဒုက္ခပါပဲ သူတို့နဲ့က တည့်တာမဟုတ်ပါဘူးဆိုမှပဲ

What IfWhere stories live. Discover now