To create a "Love ^^"

607 67 39
                                    

ချစ်ခြင်းကို ဖွဲ့သီဖို့ဆိုရင်..
ပထမဆုံး ဘာလိုအပ်မလဲ..?
~~~~~~

"ခဏနေဦး..ချန်းယောလ်.."

ကျောင်း ရုံးခန်းမှ စိတ်လေးလေးပင်ပင်ဖြင့်
ထွက်လာခဲ့ပြီးနောက်..ကျွန်တော့်ကိုခေါ်နေတာကြောင့် အသံလာရာကိုလှည့်ကြည့်မိ
သည်..။ စည်းကမ်းကြီးကြပ်ရေးမှူး..ကိုး။
ခုထိ ဆူမဝသေးဘူးလား ဆရာ..ရာ

"ခုနက ကိစ္စထပ်ဖြစ်ရင်
မင်း အဖေကို ခေါ်ဆွေးနွေးမယ်..
ကိုယ်နဲ့ ဘာမှမသက်ဆိုင်တဲ့ ကိစ္စကို
ဝင်စွက်ဖက်တိုင်း ကောင်းတာမဟုတ်ဘူး
ပတ်ချန်းယောလ်..! မင်း ဒီလို လုပ်တော့
သူ့အတွက် ဘာကောင်းသွားလဲ..?
မင်းအတွက်ရောဘာကောင်းလဲ..?
နောက်ထပ် မင်း ဒီလိုမဟုတ်တာလုပ်တာကို အားပေးအားမြှောက်လုပ်နေမယ်
ဆိုရင် မင်းအိမ်ကို တိုင်စာပို့ရလိမ့်မယ်.."

"တောင်းပန်ပါတယ် ဆရာ.."

ခေါင်းကို ငုံ့ထားလိုက်ပြီး..ကျောကို ခပ်ရို့ရို့
ကိုင်းထားလိုက်သည်..

ဆရာက စုပ်တစ်ချက်သပ်ပြီး စကားဆက်သည်..

"ဒီ ညနေ အခန်း အားလုံးရဲ့ သန့်ရှင်းရေးကို
မင်းနဲ့ ဟိုကောင် တာဝန်ယူပါ..
နားလည်လား?"

"ဆရာ..ကျွန်တော်ပဲ..တာဝန်ယူ.."

"ပတ်ချန်းယောလ်..သူရော မလုပ်ရင်..
မင်းကို အိမ်တိုင်စာပို့မယ်.."

"ဒါပေမဲ့..."

"ဆရာ..ကျွန်တော် လုပ်မယ်..
ချန်း အိမ်ကိုမတိုင်ပါနဲ့.."

"ကောင်းပြီလေ.."

ကျွန်တော်တို့ နှစ်ယောက်လုံးကို
မကြည်ကြည့်ကြည့်ပြီး လှည့်ထွက်သွားသည်

"ဘတ်ဟျွန်း..မင်း ရူးနေလား..?
သန့်ရှင်းရေး လုပ်မလို့လား..?"

"မင်းကို ငါကယ်လိုက်တာ..
တကယ် ဘယ်လုပ်မလဲ.. ဖော်ရှိုးပေါ့..
ဒါပေမဲ့ ညနေကျ ငါ မင်းသန့်ရှင်းရေးလုပ်တဲ့ဆီ လိုက်ရတော့မယ်.."

💓ချစ်ဖို့..💓Where stories live. Discover now