Part [ 4 ]

2K 285 3
                                    

" အင်းး ... "

နောက်ဆုံး စာမျက်နှာဖတ်ပြီး သွားတဲ့နောက် အကြောအခြင်တို့ကို ဆန့်ထုတ်လိုက်သည်...
ဘေးပတ်ဝန်းကျင်ခေါင်းလှည့်ကြည့်လိုက်တော့ တစ်ယောက်ဆို တစ်ယောက်မှ မရှိတော့သည့်အပြင် လက်ကနာရီကြည့်လိုက်တဲ့အခါမှာ မျက်လုံးပင်ပြူးသွားရသည်..

" အာ့ကြောင့် တစ်ယောက်မှ မရှိတော့တာကိုးး ~~ "

သင်ခန်းစာနဲ့ပတ်သက်ပြီး လေ့လာစရာ ရှိသည်မလို့ စာကြည့်တိုက်ဝင် စာအုပ်ရှာပြီး တစ်ခါတည်းထိုင်ဖတ်မိတာ အခု ၇နာရီပင်ခွဲတော့မည်...
စာအုပ်စင်ပေါ် လက်ထဲကစာအုပ်အား အမြန်ပြန်ထားလိုက်ပြီး ခပ်သွက်သွက် အဆောင်မပိတ်ခင် ပြန်ဖို့ရာပင် အားစိုက်မိသည်...

လမ်းတစ်လျှောက် မီးတိုင်တို့အလင်း ကြောင့်သာ လိုရာခရီး အမြန်ရောက်အောင်သာ စိတ်စောနေမိစဉ်...

"အ.. အု.. အားး "

နာကျင်မှုကြောင့်လားပင်မသိ ခပ်အုပ်အုပ် ထွက်ပေါ်လာသည့် အသံတို့ကြောင့် ခြေလှမ်းတို့ ရပ်တန့်ပြီး အသံလာရာဆီ ခေါင်းလည်ကာ ကြည့်မိသည်...

အဆောက်အဦး ၂ခုကြား နေရာကွက်လပ်ဆီမှကြားနေရတာဖြစ်ပြီး မဆိုင်သလို နေရန်သာ ဆုံးဖြတ်ပြီး ထိုနေရာနဲ့ဝေးရာကို ထွက်ဖို့သာ အားသန်နေပေမယ့် နားထဲဝင်လာသည့် ညည်းညူသံ ကြောင့် ထိုလူ တော်တော် ခံစားနေရ သည်ကို သိပေမယ့်....

အမှောင်ရိပ်ကြီးစိုးနေသည့်ထိုနေရာ ဆီတဖြည်းဖြည်း ချည်းကပ်သွားလိုက်ပြီး ထောင့်စွန်း အကွယ်ကနေ ချောင်းမြောင်းကြည့်လိုက်တော့ ထင်သည့်အတိုင်းပင်လူသုံးယောက်က မြေပြင်ပေါ်လဲကျနေသည့်သူကို ခြေဖြင့်အဆက်မပြတ်ကန်နေ ကြတယ်...

စိတ်မချမ်းသာစရာ မြင်ကွင်းကြောင့်
ရင်ဘတ်ထဲ တုန်ရီတင်းကျပ်လာသည်..

ဒါ အနိုင်ကျင့်တာပဲ ..
ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းအုပ်ကို တိုင်သင့်တယ် !!!

မိမိအတွေးကို အကောင်အထည်ဖော်ရန် လွယ်အိတ် ထဲကဖုန်းကိုထုတ်ယူပြီး ထိုမြင်ကွင်းကို အမိအရ ရိုက်ယူနေစဉ်

" မလောက်လေး မလောက်စားနဲ့ ငါ့ကို ခြိမ်းခြောက်ချင်တယ်ပေါ့ .. hak .. နောက်တစ်ခါ ငါကို ဒီလိုလာလုပ်ရင် လူ့လောကထဲမှာ မနေရအောင် လုပ်ပစ်လိုက်မယ်.. နားလည်လား !!  "

Infinity 💮Where stories live. Discover now