Part [ 10 ]

1.8K 246 14
                                    

အိမ်ဝန်းလေးထဲက ရေပိုက်ကလေး နားမှာ ခေါင်းလေးငုံ့ မျက်နှာ သစ်နေ တဲ့ Baekhyun ကို Chanyeol အခန်းထဲက ထွက်လာတော့ တွေ့လိုက်ရသည် ~~~

ခါးလေးမတရားကိုင်းထားတာ ဆိုရင်
တင်ပါးလေးတွေက ကောင်းကင် ပေါ် တက်တော့မယ့်အတိုင်း ....
စိတ်ထဲကပင် ကြိတ်ရယ်ပြီး အနားမှာ သွားရပ်နေရင်းနဲ့မှ ဆောင့်ကြောင့် လေးထိုင်ပြီး Baekhyun အပြုအမူ လေးတွေကို ထိုင်ကြည့်လိုက်သည်...

ရေစက်တွေ တွဲလွဲခိုနေတဲ့ ဖြူဖြူဖွေးဖွေး မျက်နှာလေးက အပြစ်အနာအစာ လုံးဝမရှိ ~
နုနယ်နေပုံက မွေးကာစ ကလေးစုတ် လေးအတိုင်းပဲ ~~~~

မျက်နှာပေါ်ကရေလေးတွေ သုတ်ဖယ် ပြီး အမှတ်မထင် ကျွန်တော် ထိုင်နေတဲ့ ဘက်ကို လှည့်ကြည့်ပြီး ကြောက်အား လန့်အားနဲ့ ဖင်ထိုင်ရက် လေးတခြားတစ်ဖက်ကို လဲကျသွား တဲ့ Baekhyun ပုံစံက တကယ် ချစ်စရာ ကောင်းတယ် ~~

" မင်း !! ဘာလုပ်နေတာလဲ ? "

" ဘာလုပ်ရမှာလဲ.. မျက်နှာသစ်မလို့ မင်းပြီးတဲ့အချိန်ထိ စောင့်နေရတာပေါ့ "

" Aww ~ ~ အင်း အင်း သစ်လေ "

ကသုတ်ကရိုက်နဲ့ ကုန်းထပြီး ရှေ့က ပြေးထွက်သွားတဲ့ အူကြောင်ကြား Baekhyun ကိုကြည့်ရင်း သူ အလိုလို ရယ်မောနေမိတယ် ~~

Aww ချစ်မိတော့လည်း အူကြောင်ကြောင်ပုံစံက အစ ချစ်ဖို့ ကောင်းနေပါ့လား ~~~

Surprise ဖြစ်သွားစေချင်သည့် စိတ်ကြောင့် Baekhyun ရှိတဲ့ Busan ကိုလိုက်လာခဲ့ပေမယ့် ~~

တကယ်တမ်းတော့ တစ်ခဏလေး နဲ့ လွမ်းနေတတ်ခဲ့ပြီ~~~

Park Chanyeol ရာဇဝင်မှာ  လွမ်းဆွေးခြင်းဆိုတဲ့ အရာမရှိခဲ့ ပေမယ့် Byun Baekhyun က ရာဇဝင်ရိုင်းအောင်လုပ်ခဲ့ပြီ ....

စရင်းနောက်ရင်းနဲ့မှ စွဲလမ်းမိလာတဲ့ ကိုယ့်အဖြစ်ကိုလည်း စိတ်ပျက်မိတယ် !!!
တကယ် အဲ့ကောင်ကြောင့် လုံးဝ ပြောင်းလဲနေပြီ !!!

      ********************
မိသားစုပိုင်ခြံ လို့ဆိုသည့် စပျစ်ခင်း ထဲ  Baekhyun Omma ရဲ့ ဧည့်ဝတ်ကျေမှုကြောင့် ရောက်လာခဲ့ပြီ ~~~

ဧက ဘယ်လောက်မှန်းမသိပေမယ့် စပျစ်ခြံက မျက်စိတစ်ဆုံး...

" Baekhyunee Chanyeol လေးကို အနှံ့လိုက်ပြလိုက်နော် ~ Omma ဟိုဘက်က အခင်းကို သွားကြည့်လိုက်ဦးမယ် "

Infinity 💮Donde viven las historias. Descúbrelo ahora