ကျမနာမည် ခင်မေသိန်း (၁၀) ဇာတ်သိမ်း
. အပိုင်း (၁၀) ဇာတ်သိမ်း .
မိုးရာသီရဲ့ အလူးအလဲထိုးနှပ်မူ မိုးစက်တွေနဲ့ အသားကျနေလာခဲ့ပြီးမှ တစ်ရာသီကူးမို့  မိုးရာသီကုန်လာတော့မည်ဖြစ်ကာ ပူပြင်းလာသည့် နေရောင်အောက်မှာ မိတ်ကပ်သားတွေနဲ့ မျက်နာပြင်ဟာ အောက်စီဂျင်မရသည်အလား ပူပြင်းသလိုခံစားမိတော့ ရက်အနည်းငယ်အလွန်က ရွာချခဲ့တဲ့ မိုးစက်တွေကို လွမ်းနေမိပြန်သည်။လူတွေဟာ ရယူပိုင်ဆိုင်ခွင့်ရှိသော အရာများကို အလိုလျောက်ရပိုင်ခွင့်ရှိတုန်းက တန်ဖိုးမေ့နေခဲ့သလောက် အချိန်ရာသီတွေကျော်လွန်သွားခါမှ တမ်းတမိတတ်ကြတဲ့ အကျင့်ဗီဇတွေ တစ်ယာက်နဲ့ တစ်ယောက် မထူးခြား မကွဲပြား တူနေတတ်ကြသည်။
အနားမှသူကို တွယ်တာရစ်နွယ် သံယောဇဉ်ပို ချစ်ခြင်းတရားနှောင်ဖွဲ့ ထားလည်း ပြောမထွက်သာ မထားခဲ့ချင်လည်း အချိန်စက်ဝိုင်း ချိန်ကိုက်ကျလျင် ဝေးကြရမှာ စိုးထိတ်သူတို့ ကသာ နီးစပ်မူရဲ့  အချိန်တွေကို မြတ်နိုးတတ်ကြတာမဟုတ်လား။
ဘယ်လောက်ဝေးလဲ ရင်ခုန်နှုန်းမပြတ် ချစ်နေချင်သည်မှာ အသေချာပါပဲ။
~~~~~~~ <<< ~~~~~~~~~~ <<<<< ~~~~~~~~~~~
"ထိုင်းမှာ သင်တန်းတက်ဖို့ ပြင်နေတယ်ဆို "
ခင်မေသိန်းသည် တိမ်သောက်၏ မျက်ခုံးများရှုံ့ ထားသော အလိုမကျမူမျက်နာအား တစ်ချက်ကြည့်၍ မျက်နာလွဲလိုက်သည်။ ထို့ နောက် ခေါင်းကို ဖြေးညှင်းစွာငြိမ့်မိသည်။
"ဘာလို့ ကြိုမပြောခဲ့လဲ"
အခုချိန်မှာ ခင်မေသိန်းသည် ဖြေရမည့်သူဖြစ်သော်လည်း ပြန်၍သာမေးချင်နေသည်။
" တိမ်သောက် ဘာဖြစ်လို့ လဲ "
"ဘာဖြစ်ရမှာလား ကျနော်က သိဖို့ မလိုဘူး၊ ခင်မေသိန်းအတွက် ကျနော်က နေရာမရှိဘူး အဲ့လိုလား "
တိမ်သောက်စကားသံများသည် အနည်းငယ်ခြောက်သွေ့ နေကာ ကလေးငယ်တစ်ယောက် ခိုးကိုးရာမဲ့ ဖြစ်တော့မည်ကို ကြောက်နေသည့် ပုံစံမျိုးလေးနှင့်တူနေသည်။ ခင်မေသိန်းသည် တိမ်သောက်က သူ့ အတွက် မရိုးမရွဖြစ်နေမူကို တွေ့ ရတော့ ခွဲခွါခဲ့ရမည်ဟူသော အကြောက်တရားထက် ရင်ထဲက သံယောဇဉ်တွေမြင်ခွင့်ရမူအတွက် ကျေနပ်၍သာနေသည်။
![](https://img.wattpad.com/cover/145401073-288-k875145.jpg)
BINABASA MO ANG
ကျွန်မနာမည် ခင်မေသိန်း
General Fictionဇာတ်လမ်းကတော့ ဝတ္ထုထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ခင်မောင်သိန်းဟာ ငယ်စဉ်ကတည်းက ခပ်နွဲ့နွဲ့နေသည့်အတွက် သူငယ်ချင်းတွေရဲ့အစအနောက် ခံခဲ့ရပါတယ်။သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲစေသည့် တွန်းအားသည် ရပ်ကွက်ထဲက အလှူပွဲတစ်ခုတွင် အလှပြင်ပေးသည့် မာမီသောင်းနဲ့တွေ့ဆုံမှုမှ စတင်ခ...