ကျွန်မနာမည် ခင်မေသိန်း အပိုင်း (၇)
... " ကျမ နမည် ခင်မေသိန်း "
. . . . အပိုင်း(၇) . . . .
. . . . ( က)
"အာလူး ဘယ်လိုရောင်းလဲ"ဟူသော အသံကို ခေါင်းမော့ကြည့်လိုက်တော့ နုညံ့သောအပြုံးတစ်ခုသည် သူ့ အားစီးမိုးထားသည်။ ဖြူနုနုအသားရည်ပေါ်က ပန်းနုရောင်ခပ်ဖျော့ဖျော့ နှုတ်ခမ်းထူထူလေးသည် ကွေးညွှတ်နေသည်။ အတိတ်ပွဲခင်းညထဲက ကောင်လေးတစ်ယောက် သူ့ အနားကိုပြန်ရောက်လာခဲ့ပြီ။ဈေးသွားဈေးပြန်လူအများသည် တစ်နေ့ စာအတွက် ချက်ပြုတ်ရေးရှိနေသေးသည်ဟူသော အသိအား စုတ်ကိုင်လျက် ပျားပုတုန်းပမာ လှုပ်ရှားနေကြသည်မှာ ဈေးထိပ်လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်နေသူအဖြစ်မြင်ရတော့ ပို၍အသက်ဝင်စေသည်။ အနည်းငယ် ဆူညံသော ပတ်ဝန်းကျင်အား အံတု၍ ခင်မေသိန်းက တိုးလျသော စကားတစ်ခုကို အစပြုလိုက်သည်။
" ကိုမိုးတိမ်တောက် ဒီဈေးကို ဘာလာလုပ်လဲ "
" ကံတရား ဆိုတာ ဆန်းကျယ်သားဗျ ပြန်တွေ့ မယ်ထင်ခဲ့တဲ့ အချိန်တုန်းက မတွေ့ ခဲ့ပဲ မေ့မေ့ပျောက်ပျောက်ဖြစ်တော့မှ ပြန်တွေ့ ကြရမယ်လို့ လဲ ဘယ်ထင်ထားမလဲနော်" ဟု တိမ်တောက် က သူ့ အမေးကို နားလည်ချင်သလို နားလည်အောင် ပြန်ဖြေသည်။
" ခင်မေသိန်းက လွန်ခဲ့တဲ့ လေးနှစ်လောက်ကလို မဟုတ်ဘဲ ပုံမှန်းသဏ္ဌာန်ပြောင်းသွားတော့ ကျနော် မမုတ်မိခဲ့တာ ဆောရီးပါ၊ ဒါပေမယ့် ကျနော်သိခဲ့တဲ့ ယောက်ျားဝတ်ရှက်အင်္ကျီနဲ့  ခင်မေသိန်းနဲ့ တူနေတယ်ဆိုတာကိုတော့ ကျနော် သတိထားကြည့်မိပါတယ် "
ခင်မေသိန်းသည် တိမ်တောက်အပြောအား ကျေနပ်စွာပြုံးမိကာ
"ကျေးဇူးတင်ပါတယ်" ဟုပြောမိတော့
"ဘာအတွက်လဲ" တဲ့ တိမ်တောက်က ပြန်မေးနေသည်။
ခင်မေသိန်း ပြန်မဖြေဘဲ ပြုံးနေလိုက်သည်။
တိမ်တောက်က သူ့ အားကမ်းလှမ်းလာသည်။မိကျော်နဲ့ အလုပ်အတူမလုပ်ဖြစ်တော့ဘဲ အလုပ်ပါးနေသည့် ခင်မေသိန်းအား တိမ်တောက်ကသူ့ ရဲ့  photo studioတွင် ဓာတ်ပုံရိုက်လာကြသော modelများ အပျော်တန်းအလှရိုက်သူများအား မိတ်ကပ်လိမ်းပေးရန် လာရောက်ကူညီပေးဖို့ ပြောလာခြင်းဖြစ်သည်။
ခင်မေသိန်းအကြောင်းတွေ တိမ်တောက် စုံစမ်းမေးမြန်းထားသည် ထင်ရသည်။
*. *. *. **. *. **. *. *. *. *
![](https://img.wattpad.com/cover/145401073-288-k875145.jpg)
ESTÁS LEYENDO
ကျွန်မနာမည် ခင်မေသိန်း
Ficción Generalဇာတ်လမ်းကတော့ ဝတ္ထုထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ခင်မောင်သိန်းဟာ ငယ်စဉ်ကတည်းက ခပ်နွဲ့နွဲ့နေသည့်အတွက် သူငယ်ချင်းတွေရဲ့အစအနောက် ခံခဲ့ရပါတယ်။သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲစေသည့် တွန်းအားသည် ရပ်ကွက်ထဲက အလှူပွဲတစ်ခုတွင် အလှပြင်ပေးသည့် မာမီသောင်းနဲ့တွေ့ဆုံမှုမှ စတင်ခ...