Chanမိုးရေထဲပြေးကာလာရခြင်းကြောင့် ခေါင်းနဲနဲဆိုသွားသည် ထို့ကြောင့် ကျောင်းတွင်ထားထားသော သဘက်နှင့် ခေါင်းကိုခြောက်အောင်သုတ်နေသည်။ ထိုစဉ်ဘေးနားက ငနဲလေးက ကော်ဖီသောက်နေလေသည်။ ဘေးနားမှ ကျောင်းသားတသ်ယောက်ဖြတ်သွားရာ beakလက်ထဲမှ ကော်ဖီခွက်ကို တိုက်မိသွားသည်။ ခုံရောလက်တွေဖိနပ်တွေပါ ဆိုသွားသည့်သူ့အား သုတိလက်စ သဘက်နှင့် သုတ်ပေးလိုက်သည်။ ကောင်လေးပူမှာစိုးသည့် စိတ်သည် ပူထူ၍နေသည်။သုတ်ပြီးသွားသောအခါ ကောင်လေးထံမှကြားလိုက်ရသည့်စကား..
Beak :"hak hak..နင်အကွက်ဆင်နေတာမလား ဒါမျိုးတွေရိုးနေပြီ park chanyeol shi.နင်ဒီလိုလုပ်ပြီး ငါ့ကိုအပီပေါင်းဖို့ကြံနေတာမလား။ ငါနင့်လို လူနဲ့ အပေါင်းအသင်းမလုပ်နိုင်ဘူး။ကြားလား။နင်နဲ့ငါတူလို့လားတန်လို့လား"
Chanဘာမှ ပြန်မပြောမိ။ စိတ်ထဲ၌သာ..
ပြောပါကလေးရယ် ပြောပါ
မင်းကျေနပ်သလိုသာပြောပါ
မင်းမပေါင်းချင်ဘူးမလား
မပေါင်းပါနဲ့ ကိုယ်ဒီတိုင်းစောင့်ရှောက်ချင်လို့ပါ
တူလားတန်လား ဟုတ်လား
အင်းပါ မင်းမတူဘူးဆိုမတူဘူးပေါ့ ငါဘာမှငြင်းစရာမရှိပါဘူး
ကလေးရယ်...မင်းသဘာပါ
ငါအမြဲ ခွင့်လွှတ်ပါ့မယ်Chanyeol ကိုယ့်ဟာကိုယ်အံဩမိသည်။မဟုတ်မခံတတ်သည့် chan သည် ရက်ပိုင်းအတွင်းတွင် ချိုကျိုးနွား ပမာ ပြားပြားဝပ်နေသည်။ကိုယ့်ကိုယ်ကိုယ်ထက် ဘယ်သူ့ကိုမှ သိပ်ဂရုမစိုက်တတ်သည့်chan အခု အခြားတစ်ယောက်ကို ဂရုစိုက်နေမိပြီ ကိုယ့်ကိုတစ်ချက်ပက်ရင် နှစ်ချက်ပြန်ပတ်လိုက်ရမှကျေနပ်တဲ့ chan အခုတော့ ချစ်ရသူရဲ့ စကားလုံးတွေအောက်မှာ ညွတ်တွားနေလေရဲ့ ...
အို ..ချစ်ရသူ.ချစ်ရသူဆိုပဲ
ကိုယ့်ကိုယ်ကိုယ်မသိလိုက်ခင်မှာ သုံးနှုန်းမိလိုက်တဲ့ အသုံး "ချစ်ရသူ"တဲ့
ဟင်းဟင်း park chanyeolမင်းကျရှုံးသွားပါပြီ။ ခပ်ချေချေByun Beakhyunကို မင်းရှုံးသွားပါပြီ။အမှန်တရားကို လက်ခံဖို့ကြိုးစားစမ်းပါ။အင်း..ငါbeakhyun ကို ချစ်တယ်
Byun beakhyunဆိုတဲ့ ကလေးလေးကို အရမ်းချစ်တယ်။
ငါလက်ခံပါပြီ ငါရှုံးသွားပြီလေ😌Beak :"ဘာတွေတွေးနေတာလဲ park chanyeol shi !ငါပြောတာတွေက သိပ်ကိုမှန်နေလို့ ဘာမှပြန်မပြောနိုင်တော့တာလား hak hak"
Chan: "beak နင် ငါ့ကိုအဲ့လောက်တောင် ကြည့်မရတာလား"
Beak: "အဲ့ထက်ပိုတယ် ဘယ်ဘဝက ရေစက်လည်းတော့မသိဘူး နင့်ကိုတွေ့နေရရင် အလိုလို စိတ်မချမ်းမသာ ဖြစ်လာရော"
ကလေးရယ်ပြောထွက်လိုက်တာနော်😢
Chan: "အဲ့တော့နင်ငါ့ကို ဘာလုပ်စေချင်လဲ"
Beak: "အဲ့တော့ ငါ့နားမှာ မနေနဲ့တော့"
Chan: "နင့်သဘောပါ beak ဘယ်တော့ပြောင်းပေးရမလဲ"
Beak: "right now"
Chan: "Yes Sir"
ကလေးမမြင်ချင်ရင် ကွယ်ပျောက်သွားပေးရုံပေါ့။ဖြစ်ပါတယ်။ကလေးဆန္ဒကိုယ့်ဘဝမို့ပါ။ကလေးသဘောအတိုငိး အဝေးကိုရှေင်ထွက်ခဲ့တယ် ကိုယ့်မျက်ရည်နဲ့ နာကျင်မှုတွေကို ဥပေက္ခာပြုရင်းပေါ့။
ဒါပေမယ့် အဝေးကနေ ငေးကြည့်ခွင့်တော့ပေးပါ ကြယ်လေးရယ်။ မမီနိုင်မှနိးသိပေမယ့် စိတ်ကူးယဉ်ချင်လို့ပါ။စောင့်ရှောက်ခွင့်တော့ပေးပါ။ကိုယ်မပိုင်ရပေမယ့် တကယ်ချစ်ရသူမို့ပါ။ မင်းအလိုရှိရင်တော့ ခေါ်လိုက်ပါ။ ကိုယ်အရောက်လာခဲ့ပါ့မယ်။................
YOU ARE READING
ရွှေမင်းသားလေးရဲ့သက်တော်စောင့်(normal)chanbeak Ver
عاطفية~မိန်းကလေးတစ်ယောက်ကအမြဲတမ်းနူးညံနေရမယ်cute typeလေးဖြစ်နေရမယ်လို့ ဘယ်သူပြောလဲ ~မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်လိုနေလို့မရဘူးလား ~မိန်းကလေးတစ်ယောက်ကယောက်ျားလေးတစ်ယောက်ကိုစဖွင့်ပြောပြီး သူ့အဖြေကိုရင်ခုန်...