3

3.4K 250 8
                                    

ပျောက်ဆုံးသွားတဲ့အရာတစ်ခုကို မထင်မှတ်တဲ့နေရာမှာပြန်တွေ့တာ
Disappearing Object Phenomenon လို့ခေါ်တယ်။
ဒါဆို အကိုဟာ ညီမ အရင်ဘဝက ကျပျောက်ခဲ့ပြီး
လက်ရှိဘဝမှာ ပြန်တွေ့ရတဲ့ သမုဒယသစ္စာလေးပဲဖြစ်မယ်။

ဘဝရဲ့ အလိုချင်ဆုံး အရာထဲမှာ
အကိုနဲ့ အကို့ပါးချိုင့်တွေပါတယ်။
ရှင်သန်မှုက ဘာလဲ သူတို့တွေမေးရင်
အကို့နဖူးပေါ်က ဆံလိပ်ခွေလေးတွေပဲ ပြေးပြေးမြင်တယ်။

ဒါဟာ ရူးသွပ်ခြင်းတစ်မျိုးပဲဆိုရင်
ညီမတော့ တစ်သက်လုံး လူကောင်းပြန်မဖြစ်ချင်ဘူး အကို
အထူးသဖြင့် လူကောင်းတွေ တစ်ယောက်ကိုတစ်ယောက်
မုန်းတီးနေကြတဲ့ ဒီကမ႓ာမှာ
ချစ်ခြင်းတရားအတွက်သာဆိုရင် သွက်သွက်ခါသွားပါစေ
မွန်မြတ်ပါတယ်
ညီမတော့ ဒီလိုပဲ ခံယူထားတယ်။
ဒီအရူးက လိုရာ သိပ်ဆွဲတွေးတတ်ပါတယ်။

အကိုက နွေဦးနဲ့ တူတယ်။
တောင်အရပ်ကလေတွေတိုက်ရင်
ညီမမှာ မဖြစ်မနေရူးပေးရတယ်။
အကိုသာ ငှက်ကလေးဆို
ညီမက ကောင်းကင်ပြာကြီးဖြစ်ပေးချင်တဲ့ အခိုက်အတန့်မျိုး။
ပိတ်နှောင်ဆွဲရစ်ထားမယ့် လှောင်အိမ်တစ်ခုထက်
အကို လွတ်လပ်ပျော်ရွှင်တာကို အဝေးက
ထိုင်ကြည့်ခွင့်လေး ပိုမက်ပါတယ်။

ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်သွားရင် လူတွေဟာ ဒီလိုပဲ
နူးည့ံသွားကြသတဲ့ အကို။

ဒီအစားအသောက်ဆို အကို သိပ်ကြိုက်မှာ
ဒီအကျင်္ ီလေးဆို အကိုနဲ့ သိပ်လိုက်မှာ
ညီမတောင်သတိမထားမိပါပဲ
အကိုက ညီမစိတ်တွေထဲမှာ အလိုလျောက်ရှိနေပြီးသား။
ဖြတ်လို့လည်း မပြတ်တော့တဲ့ ကြိုးတွေပါ
တစ်ယောက်တည်း ချည်နှောင်ပြီး
တစ်ယောက်တည်း ရုန်းရခက်နေပါတယ်။

တယ်လီပသီကို ယုံသလား အကို
ညီမတော့ ယုံတယ်
ဟိုးတစ်ဖက်က အကိုဖျားနာနေတဲ့အချိန်
ဒီဘက်မှာ ညီမ ဘာလုပ်လုပ်အဆင်မပြေတဲ့ဖြစ်ရပ်မျိုးတွေ။
အကို့ကို ညီမနားလည်တယ်လို့ တွေးနေရတာကိုက
ညီမရဲ့ ကမ႓ာကြီးပါပဲ အကို
ဒါကို ကြားရင် အကိုကတော့
"မဟုတ်ဘူးလေ ညီမရဲ့ .. သီအိုရီတွေက ဒီလိုပြောတယ်" အစချီပြီး
စိတ်ရှည်လက်ရှည် ရှင်းပြနေဦးမယ်။
အကို့ကို အကိုသိတာထက် ညီမပိုသိတယ်ဆို ယုံပါ အကို

ပေးနိုင်တာဆိုလို့ ချစ်ခြင်းမေတ္တာတွေပဲရှိပါတယ်။
ဂန္ဓမာအဖြူလေးတွေ ဘုရားမှာလှူတယ်။
အကို့အပြုံးတွေ အေးချမ်းပါစေ ဆုတောင်းတယ်။
မေတ္တာစိတ်နဲ့ စိုက်တဲ့ ကျူးလစ်တွေလည်း
အကို့အခန်းလေးထဲ မွှေးမြနေပါစေကွယ်။

*သံသရာတစ်ထောင့်မှာတော့
စာဖတ်နေရင်း အကို့ပါးချိုင့်လေးကိုဖြတ်ခနဲနမ်းဖို့
ညီမစောင့်နေပါ့မယ်
သံသရာတစ်ထောင့်မှာပေါ့ ... အကိုရယ်။*












* ပြထားသော စာသားသည် ဆရာစစ်ငြိမ်း၏ စာသားအား မှီငြမ်း ထားခြင်းဖြစ်ပါသည်။

အေဝးႀကီးက ေရးတ့ဲစာWhere stories live. Discover now