ကျွန်တော်အခန်းကျယ်ကြီးတစ်ခုထဲမှာ ပေါ်လွင်နေတဲ့ ရုပ်ပုံကားချပ်တွေကို စပ်စုနေမိတယ်။
အခန်းကြီးဟာ မှောင်မိုက်နေပေမဲ့ လေပြင်ထက်မှာ ပျံဝဲနေတဲ့ ပန်းချီကားချပ်တွေ၊ လှုပ်ရှားနေတဲ့ ကားချပ်ပေါ်က မှင်ဆေးရည်တွေဟာတော့ အတိုင်းသားပြတ်သားကြည်လင်နေလျက်။
နွေးထွေးစရာကောင်းလှတဲ့ အဝါရောင်မှင်ဆေးရည်ဖျော့ဖျော့ကို နောက်ခံထားထားတဲ့ ကားချပ်ပေါ်က ကောင်လေးနှစ်ယောက်...
အစိမ်းရောင်တွေ လွှမ်းခြုံနေတဲ့ တောအုပ်ကြီးထဲက ရောင်စုံပန်းခင်းတွေကြားမှာ ခုန်ပေါက်နေကြတဲ့ ကောင်လေးနှစ်ယောက်...
အပြာရောင်ကောင်းကင်အောက်မှာ စနောက်နေကြတဲ့ ကောင်လေးနှစ်ယောက်...
ပန်းချီကားချပ်ထဲက လှုပ်ရှားနေတဲ့ မှင်ဆေးရည်တွေနဲ့အတူ ဝဲပျံလာတဲ့အသံတွေကိုပါ ကျွန်တော်ကြားနေကြတယ်။
အများစုကတော့ ပျော်ရွှင်စွာရယ်မောနေကြတဲ့ ရယ်သံတွေပေါ့။
ကျွန်တော်အရှေ့ကို တလှမ်းလှမ်းပြီးတလှမ်း ပန်းချီကားတွေထဲက ကြည်နူးမှုတွေကို ခံစားရင်း လျှောက်လာခဲ့တယ်။
ပန်းရောင်ဆေးရည်တွေ သုတ်လိမ်းထားတဲ့ကားချပ်ပေါ်မှာတော့ နမ်းရှုံ့နေကြတဲ့ ကောင်လေးနှစ်ယောက်။
ဝင်းဝါလှပြီးတလက်လက်တောက်ပနေတဲ့ ပိုးစုန်းကြူးတွေဟာ ခြံရံနေလျက်။
ခိခိ...
ဒီပုံရိပ်လေးကိုတော့ အကြိုက်ဆုံးပဲ😁
ကျွန်တော် အတွင်းနက်နက်ကို လျှောက်သွားလေ၊ အရောင်တွေက ပိုတောက်ပလာလေပဲ။ကျွန်တော်လျှောက်တယ်၊ လျှောက်တယ်။
နာရီပေါင်းများစွာကြာမြင့်အောင်လျှောက်လာနေပေမဲ့ ညောင်းညာခြင်းဆိုတာ အလျဉ်းမရှိ။ရှေ့ဆက်ဘာဖြစ်မလဲဆိုတဲ့ စိတ်နဲ့ ရုပ်ရှင်ကားတွေကြည့်နေရသလို အဆုံးသတ်ရှိရာဆီသို့ ကျွန်တော်ဦးတည်ပြီး လျှောက်လာနေတယ်။
"ဂျိန်း...ဂျိန်း...ဂျိန်း...ဂျိန်း..."
ကျွန်တော်လမ်းကျယ်ကြီးရဲ့ တစ်နေရာရောက်တော့ လေးဖက်လေးလံက တံခါးများဟာ ပိတ်လို့သွားပြီး ကျွန်တော်ကတော့ အခန်းကျဉ်းလေးထဲမှာ ပိတ်မိနေလျက်။
YOU ARE READING
Sweet Like Cotton Candy
Romanceအချစ်ဆိုတာ cotton candy လိုပါပဲ။ ချိုမြိန်တယ်...အရသာရှိတယ်။ တစ်ယောက်ထဲစားရင် ကောင်းတော့ကောင်းပေမဲ့ အဲ့ဒီ ချိုမြိန်တဲ့ အရသာကို ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူဝေမျှတဲ့အခါမှာတော့ ချိုမြန်မှုဟာ ပိုနက်ရှိုင်းသွားပြီး လောကကြီးတစ်ခုလုံးဟာ ကောင်းကင်ဘုံလိုပဲဖြစ်သွား...