မှောင်မိုက်သောညမှာ နန်းတော်ထဲကို ပြန်လည်ဝင်ရောက်လာသော ချင်နိုင်ငံ၏ တပ်မကြီး...
မြင်းကဆုန်ပေါက်သံများကြား ညီလာခံခမ်းမထဲသို့ ပြေးဝင်လာသည့် စစ်သူကြီးဝီပြောလိုက်သော သတင်းစကားကား...
"အရှင်မင်းကြီး...ဝမ်းသာစရာသတင်းပါ။
အိမ်ရှေ့မင်းသား အသက်ရှင်လျက်ပြန်လာနိုင်တဲ့အပြင် မင်နိုင်ငံရဲ့ဘုရင့်ဦးခေါင်းကိုပါ ဖြတ်ယူနိုင်ခဲ့ကြောင်းပာဘုရား။"တစ်လတာလုံး စိုးရိမ်မှုတွေကြောင့် နွမ်းနယ်နေသော မင်းကြီး၏မျက်နှာမှာ အခုမှပြန်လည် ရွှင်လန်းလာနိုင်ခဲ့ခြင်းဖြစ်သည်။
"မြန်မြန်...မြန်မြန်ဝင်လာခိုင်းလိုက်။"
"ခမည်းတော်..."
မင်းကြီးတစ်ယောက် ပလ္လင်ပေါ်မှထကာ မင်းသားကြီးထံလျှောက်သွားရင်း...
"ချင်းလေး...တော်တယ်။ မင်းသိပ်ကိုတော်တယ်။ ဟားဟားဟား။"
************************************
"မင်းကိုသတိရနေခဲ့ရတာ။""ကျွန်တော်မျိုးကတော့ သတိမရပါဘူး။"
"အော်ဟော့...ဒီကောင်စုတ်လေးတော့...ကွပ်မျက်ခံချင်နေပြီလား။"
မင်းသားကြီးကို တစ်ချက်ခပ်စောင်းစောင်းလေးပြုံးပြလိုက်ကာ...
"လုပ်ရဲလို့လား။ ကျွန်တော်မျိုးစည်းပေးထားတဲ့ ပဝါဖြူကိုတောင် ဓားရှည်မှာ ချည်ထားတုန်းဟာကို။"
"ဒါငါ့အားနည်းချက်ပဲ။ မင်းကိုသိပ်ချစ်နေရတာ။ အဟမ်း...
ဒါပေမဲ့ မင်းဆီက အနန်းအားဆေးကိုတော့ ရယူမှဖြစ်မယ်။"စကားသံများအဆုံး ကျွန်တော်တခစ်ခစ်ရယ်မိတယ်။
"ဘာလဲ။ မပေးနိုင်ဘူးဆိုတဲ့ သဘောလား။"
"မဟုတ်ရပါဘူး။ ဒါမျိုးဆို အခေါက်တစ်ထောင်...တစ်သောင်းမက ပေးနိုင်တယ်လို့ပြောမလို့ပါ...ဟိဟိ"
***********************************
"မင်းသားကြီးရဲ့အာင်မြင်မှုနောက်ကွယ်မှာဘယ်သူရှိတယ်ဆိုတာ မင်းသိပါတယ်နော်။"
ထွန်းထားသောဆီမီးခွက်မှ မီးတောက်လေးရဲ့ယိမ်းနွဲ့ရာအတိုင်း လက်ကို လိုက်လှုပ်ရှားကာ ပြောလိုက်သော မင်းသားလေး...
YOU ARE READING
Sweet Like Cotton Candy
Romanceအချစ်ဆိုတာ cotton candy လိုပါပဲ။ ချိုမြိန်တယ်...အရသာရှိတယ်။ တစ်ယောက်ထဲစားရင် ကောင်းတော့ကောင်းပေမဲ့ အဲ့ဒီ ချိုမြိန်တဲ့ အရသာကို ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူဝေမျှတဲ့အခါမှာတော့ ချိုမြန်မှုဟာ ပိုနက်ရှိုင်းသွားပြီး လောကကြီးတစ်ခုလုံးဟာ ကောင်းကင်ဘုံလိုပဲဖြစ်သွား...