ကျယ်ပြန့်လှတဲ့ အိမ်ကြီး..ထိုစကားထက် ထိန်းချုပ်မူတွေ အာဏာတွေ နဲ့ လွှမ်းမိုးထားတဲ့ အိမ်ဆိုမှန်လိမ့်မယ်..
ကျနော် ဒီအိမ်မှာ နေလာတာ အနှစ်၂၀ရှိပါပြီ ကျနော် အသက်လေးနှစ်မှာ ရောက်လာခဲ့တယ်
ဒါကလဲကျနော့်အမေကြောင့်...အာဏာရှိလွန်းတဲ့ ခက်ထန်တဲ့ သခင်မကြီးရဲ့ လက်အောက်မှာ သည်းခံပြီးနေလာတာ အခုဆိုနေသားကျနေပါပြီ
အမေ့ရဲ့အလုပ်ကြိုးစားမူကြောင့် ကျနော်ပါ အလုပ်မှာယုံကြည်စိတ်ချရသူဖြစ်လာတယ်
ကျနော့်ဘ၀မှာအမေက အဓိကပါ အခုဆိုအမေသိပ်အလုပ်မလုပ်နိုင်တော့ဘူး သခင်မကြီးရဲ့ သနားမူကြောင့် ဒီအိမ်လေးမှာဆက်နေနိုင်ခဲ့တယ် ကျနော်ကဒီအိမ်ရဲ့ အတွင်းရေးအိမ်ထိန်းဖြစ်လာတယ်
အတွင်းရေးအိမ်ထိန်းကဘာလဲဆိုရင်..ဒီအိမ်ရဲ့လိုအပ်ရာအစစအရာရာကိုလုပ်ပေးရသလို အိမ်ရဲ့ အတွင်းရေးတွေကိုပါသိထားတဲ့တွက်အပြင်မပေါက်ကြားအောင်သတိထားရမယ် သခင်မကြီးရဲ့အလုပ်ကနယ်စုံတယ် သခင်မကြီးက အလွန်မှ သွေးအေးသူ
အလုပ်မှာသွေးအေးပြီးခက်ထန်သလောက် မြေးဖြစ်သူ အပေါ်အလွန်မှချစ်တယ် အနွံနာခံတယ် သူ့မြေးရဲ့အဖေ သူ့သား ဆုံးသွားပီးနောက်ပိုင်း သူ့မြေးအပေါ် အမေတယောက်လိုရော အဖေတယောက်ကဲ့သို့ပါ တာဝန်ကျေခဲ့တယ်..
တကယ်အားကျတယ် Oh Se Hun...
Sehunဆိုတဲ့သူက ကျနော့်ထက် ၃နှစ်ငယ်တယ် သူနဲ့ကျနော် တအိမ်ထဲ...မဟုတ်ဘူး ခြံတခုထဲ နေနေကြပေမဲ့ သူလဲကျနော့်ကိုမမြင်ဖူးဘူး ကျနော်ကလဲမမြင်ဖူးဘူး သခင်မကြီးရဲ့ အမြဲပြောပြတာတွေကြောင့် သိရတာ တော်တော်ဂုဏ်ယူရတဲ့မြေးတဲ့လေ ခုလဲနိုင်ငံခြားကနေ ပြန်လာတော့မယ်တဲ့
သူထွက်သွားတာလွန်ခဲ့တဲ့ ၁၀နှစ်ကဆိုပါတော့..
Oh Se Hun ...မင်းဘယ်လိုလူလဲဆိုတာ တကယ်သိချင်မိတယ်....
YOU ARE READING
Take Me To Your Heart
RomanceMy New Fic For My New Acc. Hunho Fanfic.... စည်းကမ်းကြီးကာ ရှေးရိုးစွဲလွန်းသော OHမိသားစု၏ သုံးဆက်မြောက် အဖွား Oh Song Mi OH မိသားစု ၏ ငါးဆက်မြောက် သူဌေးသား Oh Se Hun OHမိသားစု၏အကူညီဖြင့် OHမိသားစု၏ အိမ်ထိန်းဖြစ်လာသော အမျိုးသမီး Kim...