Take Me To Your Heart

857 69 11
                                    

ချွန်း​ချောင်းရဲ့ ဆွဲ​ဆောင်​မူ​တခုဖစ်​တဲ့ စီညာလှတဲ့ ​ဈေးတန်း​တွေကြား...

'​ဟော...ဟဲ...လမ်းဖယ်​​ပေးကြပါ....အားး´

'ဟဲ့​​ကောင်​ ​ဟဲ့​ကောင်​...မ​ပြေးနဲ့ ရပ်​စမ်း ....သူ့ကိုအမြန်​ဖမ်းကြ´

ပြေးလွှား​နေတဲ့ ဆယ်​​ကျော်​သက်​အရွယ်​​ရောက်​ခါစ​ကောင်​​လေးတ​ယောက်​​နောက်​ကို ၀တ်​စုံအမဲ​တွေနဲ့ လူငါး​ယောက်​​လောက်​က အ​ပြေးအလွှားလိုက်​ရင်း ​အော်​ဟစ်​ဆဲ​ဆို​နေကြတာ တကယ်လန့်​ထိတ်​စရာ....

ကွေး​ရှောင်​ ပတ်ရစ်​ပီး ​ပြေးလာလိုက်​တာ ဦးတည်ရာ​နေရာမရှိ ​နောက်​ကလူ​တွေပါမလာ​တော့တာသတိရ​တော့မှ ဒူး​နှဖက်​ကိုအမှီပြုပြီး ခါး​လေးကိုင်း အ​မော​ဖြေ ​ချွေးတပြိုတ်​ပြိုတ်​နဲ့ကြားက ​နောက်​ကိုတချက်​တချက်​ လှည့်​ကြည့်​​လိုက်​​သေး

'ဟူး.....​မောလိုက်​တာ...ငါ..ဘယ်​​ရောက်​​နေတာလဲ´

အသိတရားဝင်​ အ​မော​လေးနည်းနည်း​လေး​ပြေသွားမှ ခါးကိုမတ်​ပီး ဟိုကြည့်​ဒီကြည့်​နဲ့ ပီး​တော့မှ စိတ်​ရှုပ်​သွားတဲ့ပုံနဲ့

'အား....ငါ.ဆိပ်​ကမ်း​တောင်​​ရောက်​သွားတာပဲ ဒီပုံနဲ့သာအိမ်​ပြန်​လို့က​တော့ ငါအဆူခံရမာအ​သေချာပဲ မိုးလဲချုပ်​​တော့မယ်​ ညနက့်​မှ​ရောက်​မယ့်​အတူတူ ဒီညဒီမှာပဲ ​နေ​တော့မယ်​ကွာ .´

မီး​လေးတဖြုတ်​ဖြုတ်​လင်း​နေတဲ့ ကုန်​စုံဆိုင်​​လေးကို ​လေးပင်​​နေတဲ့​ခြေလှမ်းကိုဦးတည်​လိုက်​ရင်း....

_______________

'ဟုတ်​ကဲ့ သခင်​မကြီး ..ကားပျက်​သွားလို့ ကျ​နော်​ဒီညပြန်​မလာနိုင်​ဘူး ဒီနားကတည်းခိုခန်းမှာပဲ ဒီည​တော့ နားလိုက်​​တော့မယ်​​ဗျ .....ဟုတ်​ကဲ့....အားလုံးအဆင်​​ပြေခဲ့ပါတယ်​ အချက်​လက်​​တွေလဲကျ​နော့်​ဆီမှာအကုန်​ရှိပါတယ်​ မနက်​ဖြန်​ အ​စောဆုံးကားနဲ့ပြန်​လာခဲ့ပါ့မယ်ဗျ.....ဟုတ်​ကဲ့...ဟုတ်​ကဲ့....​ကောင်း​သောညချမ်း​လေးပါ သခင်​မကြီး´

ဖုန်း​ပြောရင်း အကျင့်​ဖစ်​​နေ​သော​ခေါင်း​လေးကတချက်​ညိမ့်​လိုက်​ရင်း ....call end​လေးကိုနှိပ်​လိုက်​ပီးမှ လက်​ကအဆင်​သင့်​ ကိုင်​​ဆောင်​ထားပီးတဲ့ ဘီယာဘူး​လေးကို တခါတည်း ​ရေလို ​မော့ချလိုက်​ပီးမှ စု​ဆောင်းထားမိခဲ့တဲ့ သက်​ပြင်းအရှည်​ကြီးကို ချသာချလိုက်​​တော့တယ်​....

You've reached the end of published parts.

⏰ Last updated: Jun 04, 2018 ⏰

Add this story to your Library to get notified about new parts!

Take Me To Your HeartWhere stories live. Discover now