တတောက် တောက်မြည်နေသော ကွန်ပျူတာ
စာရိုက်သံကြောင့် ကျနော် နိုးလာတော့ ..ကျနော့်ရဲ့ ချစ်လှစွာသော ..ချစ်သူလေး..kim suho......" sweetheart ! ..အခုထိ မအိပ်သေးဘူးလား.....xing က အိပ်နေပြီတောင် ထင်ထာ...."
နောက်ကျောဘက်မှ ကျနော့်ကို ပွေ့ဖက်ကာ ပွတ်သပ်နေသော ချစ်ရသူလေးကြောင့် ကွန်ပျူတာ ကို power off လုပ်ပြီး..သူ့ရဲ့ မျက်နှာချင်းဆိုင်ကို လှည့်ကာ ဖက်ထားလိုက်သည်..
" အင်း ကိုယ့်ရဲ့ သိုးပေါက်လေးက အိပ်ပုတ်ကြီးတာကို ..အခုမှ ည၁နာရီပဲ ရှိသေးတာကို......:-) hyung က အမှု့တစ်ခုအတွက် လိုအပ်တာတွေ လုပ်နေရလို့ပါ..."
ကျနော် ပြောလိုက်တော့....ရင်ခွင်ထဲမှ ခေါင်းမော့ကာ ကြည့်လာရှာသော ...ချစ်ရသူလေး
...မျက်လုံးအိမ်ထဲမှာ တွဲခိုနေသော..မျက်ရည်စတစ်ချို့....သူလေး..ဘာများဖြစ်လို့ပါလဲ ကျနော့်ခေါင်းထဲ ထူပူသွားမိတယ်....
" H y u n g ..ကို မုန်းတယ် !...ဘာလို့ အခုလို
အလွယ်တကူ မေ့ပစ်ရက်တာလဲ...ကျနော့်ကို..
..တကယ်မချစ်ဘူး....hyung ကျနော့်ကို တကယ်မချစ်ဘူး....ဟင့်...."သူလေးစိတ်ဆိုးရင် ကျနော့်ကိုခေါ်တာက hyung တဲ့..ကျနော် ကလေးကို ဘာတွေများ..စိတ်ဆင်းရဲအောင် လုပ်မိပြန်ပြီလဲ...
"Xing ah....hyung ဘာလုပ်မိ..."
"၂နှစ်ပြည့်....ဒီနေ့ ခင်ဗျားကြီးနဲ့ ကျနော် ချစ်သူဖြစ်တာ ...အဲ ဒါကို ဟင့်!....မမှတ်ထားဘူးလား..အဘိုးကြီးရဲ့ အီးဟီး.. ..အမြဲတမ်း ကျနော်ပဲ ခံစားနေရတယ်
....ဘာလို့အစောကြီးအိပ်လဲသိလား..?
ခင်ဗျား ကိုမြင်ရင်ဝမ်းနည်းလို့ ..ကျနော့်တို့ချစ်ခြင်းကို မျက်ကွယ်ပြုထားတဲ့ ခင်ဗျားကြီးကို
မြင်ရင်....ငိုချင်တယ်..."ရင်ဘက်ကို လက်သီးဆုပ် နဲ့တဖုန်းဖုန်းထုရိုက် ကာ ဝမ်းနည်းပက်လက် ငိုကြွေး နေရှာသော ...ချစ်ရသူလေး.. ...
YOU ARE READING
ချစ်သူ့ အမိန့် တော်အတိုင်း(Chanbaek)complete
Fanficကိုရီးယားနိုင်ငံသမ္မတရဲ့ သားအငယ်ဆုံးလေး Byun baek hyun ... ရုပ်ရည် ချောမောပြီး တိုက်ခိုက်ရေး ကောင်းတဲ့ သက်တော်စောင့် ကောင်လေး Park Chan yeol... ကဲ ဒန့်တန့်ဒန့် .....လာပြီဟေ့ ..drama :-) . အချစ်ဇတ်လမ်းလေး... Unicode..... က...