ကိုယ့်​တွက်​ချစ်​ခြင်း​မေတ္တာဆိုတာ မင်းပဲ

မေတ္တာမှာ အသွားအပြန်​ရှိတယ်​ဆိုတာ ကိုယ်​ကသွားပြီး ကိုယ်​ကပဲ ပြန်​လာရတာမျိုးလား

မင်းဆွဲတဲ့ကြိုးမှာ ကတဲ့ ရုပ်​​သေး​လေးဟာ ကိုယ်​ပါ သခင့်​အလိုကျ စီး​မျော​ပေးရတာပေါ့

တစ်​ခါတစ်​ခါ ဟိုးအ​ဝေးက ​ကောင်းကင်​ကြီးကို ​မျှော်​ကြည့်​ရင်း
တကယ်​​တော့ ကိုယ်​​တို့တစ်​မိုး​အောက်​ထဲမှာပါ နီးတာ​ဝေးတာက​တော့ ကံကြမ္မာရဲ့အလိုကျ​ပေါ့

တူတူရှိခဲ့ဖူးတဲ့ အမှတ်​တရ​တွေက ကိုယ့်​ကို အတိတ်​ကိုပြန်​ဆွဲ​ခေါ်တယ်​ မင်းမရှိရင်​မဖြစ်​ပါဘူးလို့ ​ကြွေး​ကြော်​​နေလည်း လက်​​တွေ့မှာ​တော့ ဖြစ်​​အောင်​​နေရတာပဲ

တစ်​​နေ့​တော့ကိုယ်​​မေ့လိုက်​နိုင်​မှာပါ ကိုယ့်​ခန္ဓာနဲ့ဝိဉာဉ်​ အတူမရှိ​တော့တဲ့​နေ့မှာ ကိုယ်​​မေ့နိုင်​မှာပါ......

24.4.18
Just missing

Just MissingWhere stories live. Discover now