"ငါတို့ဝေးသွားသည့်တိုင်"
===============
💬၁။
ကျောခိုင်းထားတယ်ဆိုပေမယ့်
တခါတလေ တစ်စုံတစ်ယောက်ကများ
ပြန်လာပါလို့ ခေါ်လေမလားဆိုပြီး
အသံတိတ်မျှော်လင့်ခဲ့ရိုး အမှန်ပါတစ်စုံတစ်ယောက်ဟာ မင်းဖြစ်ပါစေလို့
ငါဖွင့်ပြောဖို့လိုသေးလို့လား။💬၂။
မင်းရည်းစားကို ချစ်လားလို့မေးတာထက်
ငါ့ကိုခုထိမုန်းနေတုန်းပဲလားလို့ မေးမယ်
တခါတလေကျ သေချာတာအရာတွေကို
ဖမ်းဆုပ်တာပဲကောင်းပါတယ်ငါပစ်တဲ့မြားတွေက ငါ့ကိုပဲလာလာမှန်နေတယ်။
💬၃။
မိုးပျံပူဖောင်းဖြစ်ချင်တယ်
မင်းလိုအပ်ချိန်တိုင်း ပျော်ရွှင်စွာကစားဖို့
မင်းမလိုအပ်တော့တဲ့အခါ အဝေးကိုလွင့်ပျံသွားဖို့ငါ့အတွက်တောင် ငါဟာအရေးမပါ။
💬၄။
ခြေထောက်ပြတ်သွားတဲ့ စစ်သားအိုကြီးကပြောတယ်
အသက်မပါသွားတာပဲ ကျေးဇူးတင်ရမယ်တဲ့ဟင့်အင်း ငါတော့ အဲ့လိုမပြောချင်ဘူး
အသံမထွက်ပဲ သေသွားချင်တာ။💬၅။
ချစ်ခြင်းမေတ္တာဆိုတာ
အသွားတစ်ဖက်ပဲပါတဲ့ ဓားတစ်လက်ဆိုရင်
အသွားမရှိတဲ့ဖက် မင်းနေပေးပါ
ထိခိုက်နာကျင်ရမယ်ဆိုရင်
အဲ့ဒီလူဟာ ငါဖြစ်ပါရစေဒဏ်ရာမြို့ပြအတွက် ငါ့ကိုယ်ငါ
အားရပါးရ ချကြွေးပါတယ်။💬၆။
ဘယ်ဖက်က ငါ့အလွမ်းတွေကြဲချလိုက်တဲ့အခါ
ညာဖက်က ချစ်မေတ္တာတပွေ့တပိုက်နဲ့ မင်းဝင်လာစေချင်တာမင်းမလာမှန်းလည်းသိပါတယ်
အစားတစ်လုပ် တုတ်တစ်ချက်နဲ့
မင်းကိုတမ်းတရတာ အရသာရှိလို့ပါ။💬၇။
တစ်ခုကြားဖူးတယ်
ကိုယ်မက်ချင်တဲ့ အိပ်မက်ကို
အိပ်ခါနီးအထပ်ထပ်တွေးပေးရင် မက်ရတယ်တဲ့အိပ်မက်ထဲမှာ မင်းကို ငါပိုင်တယ်
လက်တွေ့မှာ ငါ့ကို မင်းပိုင်တယ်
မင်းကို ငါမပိုင်ဘူး။အလောင်းအစားမဟုတ်သော်ငြား
ဘဝနဲ့ချီပြီး အရှုံးပေးခဲ့တယ်။💬၈။
ငါပို့ထားတဲ့စာတွေ မင်းဆီမရောက်ဘူးလား
ငါရွတ်ဖတ်တဲ့ကဗျာတွေ မင်းမကြားမိဘူးလား
ငါပို့သတဲ့မေတ္တာဓာတ်တွေမင်းမလွှမ်းခြုံမိဘူးလားငါဟာ မင်းဆီဘယ်တော့မှ ကမ်းမကပ်နိုင်တဲ့ စက္ကူလှေငယ်။
💬၉။
နာကျင်ရသမျှ မင်းတို့ ပြန်လည်ထိပါးပါစေလို့
မဆုတောင်းရက်ခဲ့ဘူး
ငါနာကျင်ရသမျှ ငါပဲထပ်မံနာကျင်ပါစေ
ငါ့ကိုယ်ငါ ကျိန်စာတိုက်လိုက်ပါတယ်*မင်းချမ်းမြေ့ပါစေ။*
💬၁၀။
လူဆိုတာ တစ်နေ့မဟုတ် တစ်နေ့တော့
အကြောင်းကြောင်းကြောင့် သေရမှာမင်းအမုန်းကြောင့်တော့ မသေချင်ဘူး
သေရာပါအမုန်းအမာရွတ်တွေနဲ့
နောက်ဘဝအတွက် မရှင်သန်နိုင်ဘူး။💬၁၁။
"မင်းကို မုန်းတယ်""ဆောရီးပါ"
ဘဝမှာ တစ်ခါမှမပြောဖူးသေးတဲ့စကားမို့
ရဲဆေးတင် ပြောကြည့်တာ
မင်း မကြားချင်ယောင်ဆောင်ပေးနော်။💬၁၂။
ငါတို့ဝေးသွားတယ်လို့ တွေးမိတဲ့အခါတိုင်း
နီးစပ်ခဲ့လို့လားဆိုတဲ့ မေးခွန်းတွေကငါ့ကိုကျိုးကြေစေတယ်
**ငါ ပေးခွင့်မရတော့တဲ့ ချစ်မေတ္တာမျိုး
မင်းလိုတဲ့သူဆီကရပါစေ. . .**ငါဆုတောင်းပေးလိုက်တယ်
*မင်းချမ်းမြေ့ပါစေ*။ ။
Crd:တာရာမင်းဝေ နှင့် ခိုင်စိုး
YOU ARE READING
Just Missing
Romanceခံစားချက်များ စုစည်းရာ ဘာရယ်မဟုတ် စာတိုလေးတွေ Feeling for him ?