ကျွန်တော်က အမှောင်ဖြစ်ချင်တယ်။
အမှောင်ရိပ်သေးသေးမဟုတ် ကြီးမားနက်နဲတဲ့
အမှောင်မျိုး။ကျွန်တော် မှောင်ချင်တယ်။
ပို,ပိုပြီး မှောင်မည်းသွားချင်တယ်။
ခဗျား လင်းလက်ဖို့...ခဗျား ပို,ပိုပြီး
လင်းလက်ဖို့ ကျွန်တော် မှောင်မည်းပစ်ချင်တယ်။ခဗျားက ကြယ်ကလေးပေါ့...ပြီးတော့
ကျွန်တော်ဆိုတဲ့ အမှောင်ကောင်းကင်မှာ လင်းလက်။ချစ်ခြင်းရယ်ဆိုတာ..ဒီလိုပဲ
တစ်ဖက်သတ်ဆန်တဲ့ လိုက်ဖက်မှုတွေနဲ့ပေါ့။ဒီအမှောင်မှာ..ခဗျားကလွဲပြီး ဘယ်အရာမှာ
သောက်ရေးမပါ။