တကယ်တော့ ငါက လေပြေလေးတစ်ချက်
ညင်းရုံ ဝေ့ကနဲ မြေပြင်ပေါ် သက်ဆင်းကြွေခ
ရတော့မယ့်... သစ်ရွက်ကလေးရယ်ပါ။ဒီလိုဆို မင်းကတော့ ငါအမြတ်တနိုးငေးကြည့်
နေခဲ့ရတဲ့ ဝေဟင်ပေါ် လွတ်လပ်စွာ ပျံဝဲနေပြီး
ပန်းပွင့်တွေကြား ပျော်မြူးနေတတ်တဲ့ လိပ်ပြာ
ငယ်လေးပေါ့။သစ်ရွက်ကလေး
....
နှင်းမှုန်တွေ လွမ်းခြုံထားတဲ့မနက်ခင်းတစ်ခု ၊
ထည်ဝါလှသော တိုက်အိမ်တွေ စီတန်းလျက်
ရှိနေတဲ့ လမ်းလေး၊
အဖြူရောင် တိုက်အိမ်တွေကြားထဲ မိုးပြာရောင်
တိုက်အိမ်လေးက ထူးခြားစွာ တည်ရှိနေသည်။
ပိုမိုထူးခြားခန့်ညားနေသော အိမ်အပြင်အဆင်များ
အပြင်... ခြံရှေ့ လမ်းတစ်ဖက်တွင်တော့...
ရော်ဝါတို့ ခယလျက်ရှိသော မေပယ်လ်ပင်ကြီးက
မားမားမတ်မတ်ရပ်လို့။
...... ထည်ဝါလှပသော ထိုတိုက်အိမ်ကြီးသည်..
တိတ်ဆိတ်ခြင်းတို့ဖြင့် သိမ်ငယ်ဖွယ် ဝမ်းနည်းဖွယ်
အတိတ်တို့ကိုဖော်ဆောင်လျက်ရှိနေသည်။
.... အပေါ်ဆုံးထပ်ရှိ မှန်ပြတင်းနောက်တွင်..
အဖြူရောင်ခန်းစီးစလေးက ... အရာအားလုံး
ကို ကန့်လန့်ကာ ချလျက်....
ထိုကန့်လန့်ကာ၏ နောက်တွင်တော့... ဝမ်းနည်းဖွယ် ပုံပြင်တစ်ပုဒ်၏ မင်းသားလေးဟာ
အပြစ်ကင်းစင်စွာ အိပ်မောကျလျက်ရှိနေခဲ့သည်။ပုံပြင်လေးရဲ့နာမည်က~~~~~~ သစ်ရွက်လေးတဲ့။
...................................
နေခြည်နွေးနွေးတို့က မျက်ဝန်းတည့်တည့်ပေါ်
စူးစူးနစ်နစ်ကျရောက်လာတာမို့ Baekhyun
သူ မျက်မှောင့်တို့ကို ကျုံ့လိုက်ရင်း.. တစ်ဖက်လှည့်လိုက်မိသည်။ပိတ်တားထားတဲ့
ခန်းစီးကြားက မှန်ပြတင်းကိုဖောက်လာသည့်
နေရောင်သည် ထင်ထားတာထပ် သူ့ကိုနှောင့်
ယှက်နေခဲ့သည်လေ။ Baekhyun မျက်လုံးတို့
ကို မဖွင့်ပဲ ငုတ်တုတ်ထိုင်လိုက်ရင်း.. ခေါင်းတို့ကို
ဆွဲဖွမိသည်။ ထိုးထိုးထောင်ထောင်ဖြစ်နေ
သော ဆံစတို့ဖြင့်. ငုတ်တုတ်လေး ငိုက်နေရှာ
သော baekhyunသည် နံနက်ခင်းနေခြည်နု
နှင့် နှင်းပွင့်တို့ မှပေါက်ဖွားလာလေသလား
လို့ပင် အောက်မေ့ရသည်။
YOU ARE READING
The Leaf
Fanfictionသစ်ရွက်ကလေးရဲ့ဘဝဟာ...ကြွေကျသွားဖို့ပါပဲ။ အကယ်၍ အခွင့်အရေးများရှိခဲ့ရင် မင်းခြေဖဝါး လေးအောက် ကြွေလွင့်သွားချင်တာပါပဲ...