အချစ်ဆိုတာ သိပ်ဆန်းကြယ်ပါတယ်
ညီမအကို့ကိုချစ်နေရသလိုပေါ့
တခါမှမမြင်ဖူးပဲချစ်နေရတာက
ကိုယ့်ဥယျာဉ်ထဲမှာ မပွင့်လာသေးတဲ့ ပန်းကို စိတ်ကူးယဉ်ပြီးကြည်နူးနေရသလိုပါပဲ
ပန်းပင်တော့စိုက်ထားပါပြီ ပန်းမပွင့်လာသေးတာတခုပါပဲအကို့ဖြစ်တည်မှုက ညီမအတွက်တော့
ဆန်းကြယ်ပါတယ်
တခါတခါ အကို့ရယ်သံကြားရရင် ညီမကမ္ဘာမှာ ကြယ်တွေကြွေတယ်
ကြယ်ကြွေတိုင်းဆုတောင်းတယ်
နောင်ဘဝသာရှိခဲ့ရင် အကိုပထမဆုံးခူးမဲ့ ပန်း
ညီမဖြစ်ပါစေတချို့ အကို့ကိုလွမ်းတဲ့နေ့ရက်တွေမှာ
ညီမကော်ဖီခါးခါးသောက်ဖစ်တယ်
အလွမ်းသက်သာချင်လို့မဟုတ်ဖူး
ပိုလွမ်းမိအောင်လို့
အကို့ကိုချစ်မိတာ
ညီမလုပ်မိတဲ့အမှားထဲကအမှန်ဆုံးပါပဲ
သိပ်ချစ်တယ် အကိုရယ်
ညီမလည်းချစ်ခြင်းမေတ္တာနဲ့ထိုက်တန်ပါတယ်
ခဏပဲဖြစ်ဖြစ်ပေါ့တချို့သောရက်တွေမှာ
အကို့ဘေးနားလေးမှာပဲထိုင်ပြီး
စာအုပ်လေးဖတ်ပြချင်ပါရဲ့
This is just dreaming ပါအကိုရယ်တခါတခါ အကို့ရဲ့ အလုပ်မှာ အဖော်လေး လုပ်ပေးချင်ပါရဲ့
သိပ်ပင်ပန်းတယ်လို့ ညည်းလိုက်ရင်
ညီမဘေးကနေ အားပေးအဖော်ပြုပေးချင်တယ်သိခြင်းမှာ အရောင်မရှိဖူးဆိုရင်
ညီမတို့ ခင်မင်မှုလေးရှေ့ဆက်တိုးလို့ရမလားဟင်အဆုံးမရှိတဲ့မသိကိန်းသံယောဇဉ်တွေ ပိုပြီး ရေတွက်ချင်လို့ပါ...
A-u-r-u-m
YOU ARE READING
ရစ်ဖွဲ့ခြင်း
Romanceအကိုအပြုံးဟာညီမကိုပျော်ရွှင်စေနိုင်တဲ့ အကြောင်းတရားတခုဆိုရင် အကိုဟာ ညီမရဲ့ ဖြစ်တည်မှုရဲ့ အကြောင်းပြချက်ပဲ