ဝေးးး

190 13 0
                                    

ဒီစာကို အကိုမမြင်ပါစေနဲ့ဆုတောင်းတယ်
မြင်မှာမဟုတ်မှန်းလည်းသိတယ်
ဒါပေမဲ့ ဆုတောင်းခြင်းတွေကိုမယုံတတ်တဲ့ ညီမတယောက်
ဆုတောင်းခြင်းတွေထဲမှာသေနေတုန်းပဲ

ခုရက်ပိုင်းညီမ အိမ်မက်တွေထဲ အကိုအလည်မရောက်လာဖူးနော်
ဘယ်တစ်ယောက်သောသူရဲ့အိမ်မက်တွေကို ပိုင်စိုးထားသူ
ဖြစ်နေပြီလဲ သိချင်စိတ်တွေများနေတယ်...
အိမ်မက်တွေမှာ အကိုဟာ ညီမအပိုင်ပါ လို့အတ္တတွေကြီးခဲ့တယ်
ခရီးအတူတူသွားတဲ့အိမ်မက်တွေမက်ခဲ့တယ်
တရယ်တမောစကားတွေပြောခဲ့ကြတယ်
ဒါတွေဟာ အိမ်မက်သာ

ရေချိုးနေရင်း စိတ်လွတ်လက်လွတ်တွေဖစ်တယ်
ရေချိုးကန်ထဲ နှုတ်ခမ်းတွေပြာတဲ့အထိရေစိမ်တယ်
ရေနဲ့လူနဲ့မထိသလိုတောင် ခံစားနေရတာ
ဒီလိုဖစ်နေမယ်မှန်းအကို့ခေါင်းထဲစဉ်းစားဖူးလား
မစဉ်းစားလည်းကောင်းပါတယ်

အမြဲတမ်းသစ်နေတဲ့ အချစ်တွေက
အကို့အတွက်ထင်တယ်
မပူနဲ့ညီမမေ့မှာပါ
အကိုသိပ်ချစ်တဲ့ဇနီးလေးနဲ့ ဓာတ်ပုံတွဲရိုက်မဲ့အချိန် ဒါမှမဟုတ်
မနက်ဖန် ညနေစောင်းလောက်ပေါ့

သိပ်ဝမ်းနည်းတယ်အကို
ညီမဒါပဲတတ်နိုင်တယ် 😔

You've reached the end of published parts.

⏰ Last updated: Jun 18, 2018 ⏰

Add this story to your Library to get notified about new parts!

ရစ်ဖွဲ့ခြင်းWhere stories live. Discover now