?

145 10 0
                                    

ခရီသွားခြင်းကိုညီမသိပ်မုန်းတယ်အကို
ခရီးတွေသွားပြီးတဲ့နောက်ပိုင်းပြောင်းလဲသွားတဲ့ အကို့မမုန်းမိတာဘာကြောင့်များပါလိမ့်
အကိုအရင်လိုမဟုတ်တော့ဖူးဆိုတာသိပြီးတဲ့နောက်
ခုရက်ပိုင်းညီမ နစ်လက်မ ပတ်လည်အခန်းထဲမှာ နှစ်မြုတ်နေတာကြာပေါ့အကိုရယ်

သောက်နေကျမဟုတ်တဲ့ ကော်ဖီချိုချိုလေးကို ညီမ မုန်းတီးစွာသောက်နေမိတယ်
ပြောင်းလဲသွားတဲ့အကို
ညီမကတော့ကော်ဖီပဲပြောင်းသောက်နိုင်တယ်
ကျန်တာပြောင်းလဲလို့မရနိုင်ဖူးအကိုရဲ့

စိတ်တွေတင်းထားဖို့မပြောပါနဲ့
မာနတောင်ခဝါချပြီးအကို့ကိုချစ်တာ
ဒီလောက်နာကျင်နေတဲ့ကြားထဲမှ
"ချစ်တယ်"ဆိုတဲ့စကားကို အကိုကိုယ်ချင်းမစာမိဖူးနေမာ

သိပ်ချစ်တဲ့လူတယောက်ဆုံးရှုံးသွားတယ်ဆိုတာသိရင်
ညီမနေရာမှာ အကိုဆိုရင်ရော ဘာလုပ်မာလဲ

ညီမအကို့ကိုသိပ်စိတ်ပူတယ်
ပူပူနွေးနွေးအရာလေးနဲ့ထိရင်အရည်ပျော်သွားတတ်တဲ့ ဖယောင်းတိုင်လေးဖြစ်နေတယ်လေ
အသဲတွေကွဲရပါတယ်
အနားမှာမရှိလို့အနွေးဓာတ်မပေးနိုင်တာပါ
လက်တွေ့မကျတာမဟုတ်ဖူးအကို
အကိုနဲ့နီးစပ်ဖို့ ကြိုးစားနေတဲ့ကာလမှာ ပြောင်းလဲသွားပြီဖစ်တဲ့ အကိုရဲ့ စကားသံတွေဟာ ကြိုးစင်ပေါ်က အရုပ်ကြိုးပြတ်လေးချက်ချင်းဖြစ်သွားစေတယ်
ညီမအကို့ကိုအဲ့လောက်ချစ်တာအကိုရယ်
ခက်တာက ညီမကမိုးကုတ်စက်ဝိုင်းအပြင်ဘက်မှာဖစ်နေတယ်လေ

ရစ်ဖွဲ့ခြင်းWhere stories live. Discover now