SHELL

3.7K 380 20
                                    

မာကြောလှသည့် အပေါ်ခွံကြောင့် အခွံမာသည် အကာအကွယ်ပေးသည့် အချစ်ကို ကိုယ်စားပြုသည်။

S H E L L

Newfoundland ပြည်နယ် အရှေ့မြောက် ကမ်းရိုးတန်း၌ တည်ရှိသည့် Twillingate မြို့လေး၏ တစ်နေရာ၌ Dove Cote အမည်ရ မိဘမဲ့ကလေးကျောင်းလေး၏ ဝင်ပေါက်တွင် ခြေထောက်များ၌ ခဲဆွဲချထားသည့်အလား လေးကန်စွာဖြင့် လမ်းလျှောက်နေသည့် ကောင်လေးတစ်ယောက်ရှိ၏။

မျက်နှာသည်လည်း တစ်လောကလုံးကို အလိုမကျသည့် အသွင် မပြည့်ဆောင်ထား၏။

"Chanyeollie ...သား ...လာ လေ ~ ဒီလိုနဲ့ ဖွင့်ပွဲတော့ နောက်ကျတော့မှာပဲ "

မိခင်ဖြစ်သူရဲ့စကားကိုလည်း မမှု။ ခြေလှမ်းများက အရှေ့သို့ သိသာစွာ ရွေ့မလာ။

" ပေကပ် ကပ် လုပ်မနေနဲ့ ...မင်း နွား လား ? ဟေ့ကောင် ...ဆွဲထိုး လိုက် ရလို့ ...လူကြားထဲ အရှက်မကွဲစေချင်ရင် မြန်မြန်လာခဲ့ "

ဖခင်ဖြစ်သူ ကိုယ်တိုင် ဝင်ပါသည့်အခါ မျက်နှာကို ဆူပုပ်ပြီး ခြေလှမ်းကြဲကြီးများဖြင့် ခြေလှမ်းလာရာ မိဘ ဖြစ်သူတို့ကိုပင် ကျော်တက်သွားသည်။

အသက်အပိုင်းအခြားအမျိုးမျိုးဖြင့် ပြေးလွှားနေကြသည့် ကလေးများက ခေါင်းနောက်စေသည်။

အမည်တပ်ဖို့ မလွယ်လှသည့် ခံစားချက်များပေါ်ပေါက်လာစေသည့် ဒီနေရာမျိုးကို လာရမယ်လို့ တစ်ခါမှ မတွေးမိခဲ့ပါ။

သတ်မှတ်ထားသည့် အဆောက်အဦးငယ်သည် မိဘမဲ့ကျောင်းရှိ ကလေးများ အုပ်ထိန်းစောင့်ရှောက်သူများနှင့် စုဝေးရောက်ရှိလာကြသော ဧည့်သည်များ ဖြင့် စိုစိုပြေပြေရှိလှသည်။

စင်မြင့်နောက် နံရံပေါ်၌ ' 15 ကြိမ်မြောက် ထူးချွန်သူများအား ဆုချီးမြှင့်သည့်အခမ်းအနား ' ဟူသော စာတန်းခပ်ကြီးကြီးကို မြင်ရသည့်အခါ Chanyeol နှာခေါင်းရှုံ့လိုက်သည်။

ရေးကြီးခွင်ကျယ်တွေ လုပ်နေတာ။ မက်မောကြည့်ရှုစရာလည်း တစ်ကွက်မှ မရှိပါဘူး။

လပတ်စာမေးပွဲ၌ အဆင့်1 ရ၍ ဖခင်ဖြစ်သူ ဆုချထားသည့် လောလောလတ်လတ်ဝယ်ထားတဲ့ ဟမ်းဆက် အသစ်လေးကို ထုတ်လိုက်ပြီး internet data ဖွင့်ပြီး facebook သုံးနေလိုက်သည်။

SHELLWhere stories live. Discover now