FINAL

2.7K 363 22
                                    

" Baekhyun ! မင်းမှာ ချစ်သူ ရှိတယ် ဆိုတာ ငါ့ကို ဘာလို့ မပြောပြခဲ့တာလဲ? ငါက မင်းအတွက် အဲ့လောက်တောင် အရေးမပါတဲ့သူလား ?"

သမုဒ္ဒရာ မြင်ကွင်းကျယ်ကို နောက်ခံပြုလျက် ရေခဲစိုင်ကြီးများ ဝေလငါးများ မီးပြတိုက် ကျောက်ထရံနှင့် ပင်လယ်ကွေ့စသည့် ရင်သပ်ရှုမောဖွယ်ရာ များကို ခံစားနိုင်သည့် Artist Cabin ဟူသည့် Twillingate မြို့လေး၏ အထင်ကရ နေရာ၌ ကောင်လေးနှစ်ယောက်သည်လည်း အတွေးကိုယ်စီ မြိုသိပ်ထားသည့် စကားလုံး ကိုယ်စီတို့ ရှိကြသည်။

Chanyeol ၏အသံ နှင့် မျက်နှာအမူအရာတို့သည် ကျောက်ကမ်းပါးယံကို ထိရိုက်ကာ အသံပြုနေသည့် ရေလှိုင်းလုံးကြီးများနှင့် တူသည်။

အမှောင်ဘက်သို့ ဦးတည်နေမည့် ဖြစ်ရပ်တစ်ခုကို ကိုယ်စားပြုသည့် နိမိတ်ပုံဖြစ်ခုပေလော။

" မလို ဘူး ထင်လို့ပါ "

လှိုင်းထနေသည့် ပင်လယ်သမုဒ္ဒရာပြင်ကို ကြည့်ရင်း ဖျော့တော့သောအသံဖြင့် ဆိုလာတဲ့ သူ့ကို တကယ် နားမလည်နိုင်ပါ။

ခံစားချက်တွေ ပြည့်တင်းနေတဲ့ နှလုံးသား ကို ချော့မြူပြီး အလိုဆန္ဒတွေ ပေါက်ကွဲမည်ကို ဆက်ပြီး မထိန်းနိုင်တော့ဘူး။

ဆယ်ကျော်သက်အရွယ်နှင့် မလိုက်ဖက်စွာပင် ရက်စက်တဲ့ကံကြမ္မာရဲ့ လှည့်စားမှု စိတ်အာရုံတို့ကို ခြောက်ခြားအောင် စေစားနိုင်တဲ့ အချစ်ဆိုသော အရာ။

ရှေ့ဆက်ဖို့ဦးနှောက်က အကြံပေးလာပေမယ့် လွယ်ကူသလိုရှိပေမယ့် ခက်ခဲနေသည်။

ထို အကြံပေးချက်ကို လိုက်နာဆောင်ရွက်ဖို့ ကြိမ်ဖန်များစွာတွက်ချက်ရင်း နာကျင်မှုကြောင့် အကြိမ်အခါတစ်ထောင် သေခဲ့ပါပြီ။

"နောက်မကျသေးဘူးထင်တယ် ငါ့အတွက် "

လှည့်ကြည့်လာတဲ့ မျက်ဝန်းငယ်ငယ်ထဲ၌ မျက်ရည်လဲ့လဲ့များကို တွေ့ရသည့်အခါ နှလုံးသားနုနုသည် စိတ်အားငယ်လာသည်။

" ငါ မင်းကို ချစ်တယ် Baekhyun ah "

ထို အကြည့် ။

မျှော်လင့်ချက် ရောင်ခြည်နု အလျင်းကင်းမဲ့စေသည့် အကြည့်။

SHELLWhere stories live. Discover now