Episode-6

302 30 11
                                    

ညအမှောင်ထုသည် ပို၍ပင် နက်လာသည် နှင့် ဆောင်းည၏ အအေးဓာတ်သည်လည်းတဖြေးဖြေးမြင့်လာသည်!ကားးမှန်ဖွင့်ထားသော အနက်ရောင်ကားလေးထဲသို့ လေအေးတွေ ကအတိုင်းသား ဝင်ရောက်နေသည်!အေးးလာတာကျွန်တော်သိသည်!ဒါပေမယ့် မှန်မတင်ချင်ဘူးး!ကားမီးရောင်ကျတဲ့အခါရိပ်ခနဲရိပ်ခနဲမြင်နေရသောသစ်ပင်တွေကို လိုက်ကြည့်နေရင်းကျွန်တော့်မျက်လုံးအစုံတို့မှေးစင်းလာသည်! ကိုလွင့်ကိုအားနာ၍အိပ်မပျော်မိစေရန် ကျွန်တော်ကြိုးစားသော်လည်းမရတော့!တနေကုန်စိတ်ကောလူကောပင်ပန်းထားတဲ့အရှိန်ကြောင့် သိပ်မကြာလိုက်ကျွန်တော်အိမ်မက်ကမ္ဘထဲသို့ရွက်လွှင့်ခဲ့သည်!!

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

""ညီ ~~ ထူးး~ ညီရေ ထပါအုန်း""

ကျွန်တော့်ပုခုံးကိုအသာကိုင်လှုပ်ကာ ခေါ်နေသောခေါ်သံသဲ့သဲ့ကြောင့်ကျွန်တော် အိမ်မက်မှလွတ်မြောက်လာသည်!ဖွင့်မရတဲ့မျက်လုံးတွေကိုအတင်းဖြဲရဲဖွင့် ကာ ကြည့်မိတော့ ကိုလွင်က လက်တစ်ဖက် ကကားစီယာတိုင် ကိုထိန်းရင်း လက်တစ်ဖက်ကကျွန်တော့်ပုခုံးကိုကိုင်လှုပ်ကာ ကျွန်တော့်ကိုနှိုးနေသည်!aww ကျွန်တော် သူများကားပေါ်အိပ်ပျော်သွားပြန်တာပဲ အားနာစရာကြီး !ခါးကိုပြန်မတ်ထိုင်လိုက်ပြီး မျက်လုံးတွေကိုစုံပွတ်ကာ အိပ်ချင်စိတ်ပြေအောင်လုပ်မိသည်!ကျွန်တော် ပြင်ထိုင်လိုက်တော့ ကိုလွင်က

""နိုးပြီလား ညီ ""

""အင် အင်းး""

"" HaHa အိပ်ချင်မူးတူးနဲ့ ကလေးလေး""

ကိုလွင်ရဲ့ ကလေးလေးဆိုတဲ့ နာမကြောင့်ကျွန်တော်မျက်မှောင်ကြုံ့မိသည် !ဘယ်လိုကြီးပါလိမ့်!
နဂိုကတည်းက လူက သူ့လောက် manly မဆန်လို့ ရှိန်နေတာပါဆိုမှ သူက ကျွန်တော့်ကို ကလေးလို လာဆက်ဆံနေပြန်ပြီ!တူတူပဲ ခေတ်မှူးသစ်ဆိုတဲ့သူနဲ့!အာာ ဘယ်ကဘယ်လို အဲ့ကောင်ကပါလာရပြန်တာလဲ!လင်းသီဟထူး မင်းရူးတာများနေပြီ!ဟိုကမင်းကိုစိတ်ထဲတောင်ရှိတာမဟုတ်ဘူးခဏခဏတမနေနဲ့! huuuu

""ညီ !ထူးလေး! ကိုမေးတာဖြေအုန်းလေ""

""ဟင် အင်း ဘာ ဘာမေးလိုက်တာလဲကိုလွင်""

ဆုတောင်းမှားခဲ့သူ Where stories live. Discover now