Episode-12

691 39 14
                                    

*****************************

အချစ် !!

အချစ်တဲ့လား !
တခြားသူတေအတွက် ဆို အချစ်ကိုဘယ်လို Defination ဖွင့်ကြလဲ မသိပေမယ့် ကျွန်တော့် အတွက် အချစ်ဆိုတာ ပိုင်ဆိုင်ရခြင်း ရယူရခြင်းနဲ့လည်းမဆိုင်ဘူး၊။။  သူရှိနေတယ် ဆိုတဲ့ အသိလေးနဲ့ ကိုယ့်ဘဝ ပြီးပြည့်စုံ တဲ့ ခံစားချက်မျိုးပါ !

တကယ်ပါ သူ့ကိုချစ်လို့ သူ့ကိုပိုင်ဆိုင်ရမယ်လို့ကျွန်တော် မတွေးခဲ့ ဘူး ကျွန်တော် ဆန္ဒ ရှိခဲ့တာက ဒီတိုင်း ဒီအတိုင်းလေး  အခုလိုလေးသူ့နားရှိနေချင်ရုံလေးပါ ! ကျွန်တော့် ဘေးမှာ သူက လွဲပြီးဘယ်သူ့ကိုမှမခေါ်ထားချင်သလို ကျွန်တော်ကလည်းသူ့ဘေးမှမဟုတ်ရင် ဘယ်သူ့နားမှာမှနေဖို့စိတ်ကူးမရှိဘူး!!!!!
ကျွန်တော် မဖြစ်နိုင်တဲ့ အချစ် တစ်ခုအတွက် ရူးသွပ်လွန်းနေခဲ့တာလား ************

#Lynn Thi Ha Htoo

***********************************

ကျွန်တော့်ကိုခေါ်နေတဲ့ မှူးသစ် အသံကိုလျစ်လျူရှု့ပီး ခပ်သွက်သွက် ထွက်လာခဲ့တာတောင် အဲ့လဒ က နောက်ကနေ ထပ်ကြပ်မကွာပြေးလိုက်လာသေးသည် ! ပါးချိုင့်တစ်ဖက်နစ်ဝင်အောင် ဖြီးပြနေတဲ့ သူ့  ကို ကန်တင်းသွားတဲ့ လမ်းတစ်လျောက်က ကောင်မလေးတစ်ချို့တောင်လည်ပြန်ငေးနေကြသည် ! မှူးသစ်ရာ မရီစမ်းပါနဲ့ ! စိတ်ထဲက ငမ်းနေတဲ့ဟာမတေကိုမကျေနပ်ချက်သည်သူ့ ဆီသို့ မျက်စောင်းအဖြစ်  တိုက်ရိုက် ရောက်သွားကာ

""ဟျောင့် စွတ်ဖြီးပြမနေနဲ့ ငါလန့်တတ်တယ်""

""ဟင် ငါအဲ့လောက် ရုပ်ဆိုးလို့လား လင်းရာ""

""အေးဆိုးတယ်  အာ့ကြောင့် မရီနဲ့ ""

""အေးပါကွာ ဒါဆို ဒီလိုလေးပြုံးရင်ရော""

စူးရှတဲ့ဗန်ဒါစေ့ပုံမျက်လုံးလေးတေ မှိတ်သွား ပြီး ဘယ်ဘက်ပါးကပါးချိုင့်ကလေးနစ်ဝင်သွားကာ နီဆွေးဆွေး နှုတ်ခမ်းပါးလေးတေ ကော့ ညွတ်တက်သွားသည် အထိ သူပြုံးလိုက်သည်! ထိုတစ်ခဏ ကျွန်တော့်ရဲ့ ဒုတ်ခနဲ ဆောင့်တက်သွားတဲ့ ရင်ခုန်သံနှင့်အတူ ပတ်ဝန်းကျင်ကအရာအားလုံးကိုလုံးဝမေ့သွားသည်!! မှူးသစ် ပြုစားပြန်ပြီ ! အမှန်တော့ သူ ကပြုစားသူမဟုတ်ခဲ့ပါဘူး ကျွန်တော် ကိုယ်တိုင်က ကျေကျေ နပ်နပ်ကြီးပြုစားခံခဲ့တာပါ !!

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 28, 2018 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ဆုတောင်းမှားခဲ့သူ Donde viven las historias. Descúbrelo ahora