အမည်မထင်ရှားတဲ့ မိဘမဲ့ဂေဟာ မှာ မိဘမဲ့ အတော်ပင်များသည်...။
ထိုမိဘမဲ့ဂေဟာမှမွေးစားခံရသည့် ကလေးများလည်းတော်ပင်ရှား...။
တစ်နေ့..."Kim Tae Hyung!"
"TaeHyung-ah"
"ဘယ်မှာလဲကွာ"
ဘုရားဝတ်ပြုကျောင်းနောက်က ပန်းခြံမှာ သူ့သူငယ်ချင်းကောင်မလေးကို ရှာနေတဲ့ ကောင်လေးတစ်ယောက်...။
ထိုကောင်မလေး...ရက်စက်မှုတွေနဲ့ရင်ဆိုင်ရမယ်ဆိုတာ သူမ ကိုယ်တိုင်မသိခဲ့...။"ငါ ဒီမှာပါဟ"
လေးထောင့်ဆန်ဆန် အပြုံးလေးတုန့်ပြန့်တော့
Park JiMinဆိုတဲ့အရပ်ပုပုကောင်လေးက မျက်စောင်းတွေကြီး လိမ့်ပိတ် ထိုးနေခဲ့တယ်။"ငါဘယ်လောက်ရှာနေတာလဲ သိရဲ့လား"
"မသိဘူးလေ"
ရွဲရွဲလေးဖြေလိုက်တော့ ထလူသတ်တော့မယ် အတိုင်း ကြောက်စရာကောင်းရမယ့်အစား ချစ်ဖို့ကောင်းနေတဲ့ သူမ သူငယ်ချင်း။
"စတာပါ JiMin ရာ စိတ်မဆိုးပါနဲ့"
နှစ်ခါချော့စရာမလိုအောင် စိတ်ဆိုးပြေတတ်တဲ့ သူငယ်ချင်းကောင်းကြီး။
"Sister Jae ခေါ်နေတယ်"
"ငါ့ကိုလား"
"အေး သွားမယ်လာ"
"အင်း"
ပျိုးလက်စ အပင်ငယ်လေးက ကျန်ရစ်ခဲ့လို့...။
*Kim Tae Hyung*
ကျွန်မရဲ့နာမည်...အဖေက စိတ်ဓာတ်ကြံခိုင်ပါစေဆိုပြီး ယောင်္ကျားလေးဆန်ဆန် ပေးခဲ့တဲ့ နာမည်လေး...။5နှစ်လောက်အထိ သူများတွေလို မိသားစုသုံးယောက် ပျော်ပွဲစားထွက်ကြတယ်။ အိမ်ထဲမှာ ပတ်ဆော့ဖူးတယ်။ အိပ်ရာဝင် ပုံပြင်တွေကို တစ်နေ့တစ်ညမရိုးနိုင်အောင် နားထောင်ခဲ့ရပြီး အိပ်မက်လှလှ မက်ခဲ့ရတယ်...။
တစ်နေ့ ကျွန်မွေးနေ့...တိုက်တိုက်ဆိုင်ဆိုင် 5နှစ်ပြည့်မွေးနေ့...။
Seoulနဲ့မနီးမဝေးမှာရှိတဲ့ နေရာလေးတစ်ခုမှာ သုံးယောက်တည်း မွေးနေ့ပွဲကျင်းပမယ်ဆိုပြီးမကြီးမသေး Cake လေးတစ်ခု ကိုတောင် ဝယ်ခဲ့သေးတယ်။
YOU ARE READING
It's Hurt
Fanfictionနာကျင်တာပေါ့လို့....! နာကျင်တာကို သောက်ပိုတွေ ဆိုပြီး ပိတ်ပင်ထားတော့ ပိုနာကျင်ရတာပေါ့လို့....! နာကျင်လျက်သားနဲ့ချစ်မိကြတယ်...! ဟက်!ဘယ်လောက်တောင်ရူးမိုက်ကြလဲ...! Jeon JungKook Kim TaeHyung Park JiMin Min Yoongi