_2_Bad Wish

167 17 1
                                    

စောင့်နေတဲ့ကံတရားကို
ဆုတောင်းနေတဲ့ကောင်မလေး ဟာ
သူမ အတွက် ဆိုးလွန်းတဲ့
ကံတရားဆိုတာ သိခဲ့ရင်
သူမ ဆက်လက် ဆုတောင်းနေမလား...။
Bad Wish

▫▪▫▪▫▪▫▪▫▪▫▪▫▪▫▪▫▪▫▪▫ It' Hurt ▪▫▪▫▪▫▪▫▪▫▪▫▪▫▪▫▪▫▪▫

ရောက်ရောက်ချင်းချင်း ကားပေါ်ကဆင်းလာတဲ့ခြေတစ်စုံ...။
ဖုန်တွေသဲတွေနဲ့မြေလမ်းမို့ Autoနှာခေါင်းရှုံမိတယ်....။

"မြေး အဘိုးနောက်လိုက်ခဲ့"

အဘိုးနောက်လိုက်ခဲ့ရင်း ဂေဟာမှာ ရှိတဲ့လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့။

13နှစ်သာသာ ရှိနေတဲ့ ကောင်လေးက သိပ်များ Manlyဖြစ်သွားလား...။

ခြေလှမ်းများရပ်သွားတော့ တွေ့ရတာက...

ကလေး လေးငါးယောက်နဲ့ Sister တစ်ယောက်

"တွေ့ရတာ ဝမ်းသာပါတယ် သူဋ္ဌေးJeon"

"ကလေးတွေက သူတို့တွေလား"

ခပ်သန့်သန့်ကလေးငါးယောက်ကိုအဘိုးလက်ညှိုးထိုးလိုက်တော့...

"ဟုတ်ပါတယ် သူဋ္ဌေးJeon ကြိုက်နှစ်သက်ရာ ကလေးတစ်ယောက်ရွေးပါ"

Sisterရဲ့စကားသံအဆုံးမှာ ပျော်ယောင်လေး သန်းနေတဲ့ ကလေး ငါးယောက်...။
သို့သော် ယောင်္ကျားလေးယောက်နဲ့ ဆံနွယ် ရှည်ရှည်နဲ့ မိန်းကလေးတစ်ယောက်...ခေါင်းကြီးကိုငုံထားလို့...။

"မြေး"

"ဟုတ်အဘိုး"

"မြေး လိုချင်တဲ့တစ်ယောက်ရွေးလိုက် မြေးရွေးတဲ့တစ်ယောက်က မြေးရဲ့အဖော်ပဲ"

အရိုးသားဆုံးပြောရရင် မရွေးချင်ဘူး..။
ဒါပေမယ့် လွန်ဆန်လို့မရတဲ့ အဘိုးအမိန့်!

ထို့ကြောင့် ခုနကအတွေးထဲဝင်လာတဲ့ မိန်းကလေးဆီသို့ ခြေဦးတည့်လိုက်တယ်။

"မင်းအသက်ဘယ်လောက်လဲ"

"13ပါ "

It's HurtWhere stories live. Discover now