ကျနော်..Chanyeol အားမော့ပင်မကြည့်နိုင်တော့..
အားတင်းမှုတို့အဆုံးမှာ ကျနော့်အသံက ခပ်တိုးတိုးသာ ထွက်လာလေတယ်..
'..မင်းမှာ...
.
.
ကြိုက်တဲ့သူရှိတာလား...'Chanyeol တိတ်ဆိတ်နေမိသည်။ သူ့နှုတ်ခမ်းရဲရဲလေးက တင်းတင်းစေ့ထားလျက်..
ကျနော်ခေါင်းကိုအသာပြန်မော့မိရင်း...
'တကယ်ကြီးလား.. မင်းမှာကြိုက်တဲ့သူရှိတယ်ပေါ့..'
ကျနော်ပြုံးပြမိရင်း chanyeol ရှေ့ကိုတိုးကာ သေချာအောင်မေးမိသည်။
ကျေးဇူးပြု၍ မဟုတ်ပါစေနဲ့လား...
ဟန်ဆောင်ပြုံးသည်က ကျနော်ကျွမ်းကျင်သည်မို့... သူ့ကိုစိတ်အနှောက်အယှက်တော့ မဖြစ်သွားစေပါလေ..
'အခု...
.
.
အဲ့တာက...'ခပ်ရဲရဲဖြစ်သွားသော သူ့မျက်နှာကြောင့်..ကျနော်ရင်ဘတ်တစ်နေရာကဆစ်ခနဲ..
ကျနော့်မျက်လုံးများကို သူရင်တောင်မဆိုင်ဝံ့တော့...
ကျနော်တစ်ခါမှ မမြင်ဖူးသော သူ့ရဲ့မျက်နှာအမူအယာ...
ကျနော့်နှလုံးသားတစ်ခုလုံး ဆွဲညှစ်ခံနေရသလိုပင်...
ဘာကြောင့်များ အဲ့အမူအယာလေးက ကျနော့်အတွက်မဖြစ်ခဲ့ရတာပါလဲ..
ပျက်ယွင်းချင်နေသော မျက်နှာအား အသာထိန်းချုပ်မိရင်း..
'Haha ငါသိတောင်မသိဘူး..'
'.......'
'မင်းကင့ါကို ဘာလို့မပြောပြခဲ့တာလဲ.. မင်းငါ့ကိုအမြဲတမ်း တိုင်ပင်လို့ရပါတယ်ဟ'
ကျနော်ခပ်ဟဟရယ်မောလိုက်ရင်း Chanyeol ကိုတစ်ချက်ကြည့်မိသည်။သူက ကျနော့်ရှေ့မှ ကျောင်းစာအုပ်ကို အကြောင်းပြချက်မရှိ ငေးကြည့်နေရဲ့...
အဲ့လိုလုပ်တာက သူ့ကိုဝန်ခံနေတဲ့ပုံပေါက်စေတာ သူမှသိရဲ့လား..
'ငါ့လို ရည်းစားတစ်ခါမှ မထားဖူးတဲ့သူကတော့.. သိပ်တော့.. သိပ်တော့.. အကူအညီမဖြစ်လောက်ဘူးပေါ့ haha..'
YOU ARE READING
Sugar Pain (BL) * Hiatus*
Romanceကျနော့်ဘဝရဲ့ တန်ဖိုးအထားရဆုံးကောင်လေး ကျနော် သူ့ရဲ့ဝမ်းနည်းမှုတွေကို မျှဝေခံစားပေးချင်မိတယ် သူ့အတွက် အားကိုးရတဲ့သူဖြစ်ခွင့်ရချင်တဲ့ ကျနော့်ရဲ့ဆန္ဒက မများလွန်းပါဘူးနော် Chanbaek* { + ဆန်ဆန်အရေးအသားနည်းနည်းလေးပါလို့ mina san တို့ကိုကြိုတင်တောင်းပန်ပါတယ...