Part 2

3.3K 79 1
                                    

》》》》Flashback

'အွန့် ...'

Baekhyun သူ့ကိုယ်သေးသေးလေးကို အသာကျုံ့ထားမိသည်။

အခုသူရှိသောနေရာက တစ်ထပ်အိမ်ပုလေးများကြားမှ လမ်းသွယ်လေး...

သူဌေးရပ်ကွက်ဖြစ်၍ ပတ်ဝန်းကျင်ကလူခြေတိတ်လျက်...

'Channie နဲ့အတူတူပြန်မလို့ဟာကို...'

သူ့နှုတ်ခမ်းပါးပါးလေးက  တစ်စုံတစ်ခုကို မကျေမချမ်းရေရွတ်နေပြန်တယ်...

လက်သွယ်သွယ်တို့ ဆုပ်ကိုင်ထားရာက လွယ်ထားသော ကျောပိုးအိတ်၏ ကြိုးအစုံဆီမှာ...

ရွှန်းစိုနေသော မျက်လုံးလေးများက ပတ်ဝန်းကျင်ကိုစူးစမ်းနေလေရဲ့...

'အဲ့ Channie စုတ်..သူများကစောင့်ပေးမလို့ကိုအတင်းပြန်ခိုင်းတယ်.. အဲ့ကောင်ကတော့.. တကယ်..'

ကျနော် မကျေနပ်မှုများက စကားလုံးများအဖြစ်ခုန်ပေါက်ထွက်လာသည်။

Channieနဲ့ ကျနော်က ကျောင်းဆင်းရင်အတူတူပြန်နေကြပါ...
အိမ်နီးချင်းတွေဆိုတော့...

မိသားစုချင်းကလည်း ကျနော်တို့ငယ်ငယ်တည်းက ရင်းနှီးကြသည်လေ...

ဒီနေ့ကတော့ သူက သန့်ရှင်းရေးအစားထိုးလုပ်ပေးနေရသည်တဲ့...
အာ့သူက ကျနော့်ကို အရင်ပြန်ခိုင်းလေတယ်...

ကျနော်က သူနဲ့အတူတူပြန်ချင်တာကို...

'Hmmm...'
သက်ပြင်းလေးတစ်ခု ကျနော့်နှုတ်ခမ်းမှလွတ်ထွက်လာပြန်သည်။

သူနဲ့ရှိနေတဲ့ အချိန်တစ်စက္ကန့်လေးကအစ တန်ဖိုးထားရပါသည်။
ဒါကိုသူသိရင် ကျနော့်ကိုများ ရယ်မောနေမလား...

အတူပြန်ချိန်တိုင်း သူ့အမူအယာတစ်ခုချင်းစီကို ငေးကြည့်နေရသည်ကို အဆုံးအစမဲ့စွာ ကျနော်မြတ်နိုးမိတယ်...

သူကတော့ သတိထားမိပုံမပေါ်...

'အင့်..'
ဆစ်ခနဲ အောင့်သွားသော ကျနော့်ရင်ဘတ်ကိုအသာဖိထားမိသည်။

Hak...

ဘာတွေထပ်ပြီးမျှော်လင့်နေတာလဲ...

သူ့နဲ့ သူငယ်ချင်းဖြစ်ခွင့်ရတာနဲ့တင် ကျနော်လုံလောက်ပါတယ်...

Sugar Pain (BL) * Hiatus*Where stories live. Discover now