♡ Destiny ♡

610 94 20
                                        

Beam's POV

လူသံ ဆိုင်ကယ်သံ ကားသံတွေနဲ့ ဆူညံနေတဲ့ မြို့ပြရဲ့နံနက်ခင်းတစ်ခု ။

ပြတင်းပေါက်မှန်ကိုဖြတ်လာတဲ့နေအလင်းရောင်ကြောင့် မျက်လုံးကို မဖွင့်ချင်ပဲဖွင့်လိုက်ရတယ် ။ အကျင့်ဖြစ်နေသောလက်က အိပ်ယာဘေးနား စားပွဲပေါ်မှတင်ထားတဲ့ ဖုန်းကိုယူပြီးကြည့်လိုက်တော့ ၈ နာရီ ၄၇ မိနစ် ။

" Shiaa !!! "

Ai'Beam မင်းကတော့ကွာ ဒီနေ့ ၁၀နာရီ အလုပ်သစ်အတွက် interview ရှိတာကို ဘယ်လိုဖြစ်ပြီး မေ့တက်ရတာလဲ ။
အာာာ ... အခုချက်ချင်းထပြန်ရင်တောင် မှီပါ့မလား ၊ Bus လဲ စီးရအုန်းမှာ ၊ လမ်းထိပ်ကိုလဲ ပြေးရအုန်းမှာ ။ အင်း ဒီပုံသာဆို Taxi စီးသွားရတော့မှာပဲ ၊ အလုပ်နေရာက နည်းနည်းဝေးသေးတယ် ။

ခု အဲတာစဉ်းစားရမယ့်အချိန်မဟုတ်ဘူး ၊ ချက်ချင်းထပြင်မှရတော့မှာ ၊ မဟုတ်ရင် ဒီအလုပ်သစ်လေးကိုပါ လက်ပြလွှတ်လိုက်ရလိမ့်မယ် ။ အရင်အလုပ်တွေထက်စာရင် ဒီအလုပ်လေးက လစာပိုကောင်းတယ် ။ လုံးဝလက်လွှတ်မခံနိုင်ဘူး ၊

ဟိုးတနေ့သားက အဖြစ်အပျက်ဖြစ်ပြီး အလုပ်ပြုတ်သွားတာ ခုဆို တစ်ပတ်ပြည့်တော့မယ် ၊ အလုပ်မလုပ်ပဲစားနိုင်သောက်နိုင်ဖို့ဆိုတာ ကျွန်တော့အတွက်တော့ စိတ်တောင်မကူးရဲတဲ့အရာပါ ။ ခုလဲ စုထားဆောင်းထားတာလေးနဲ့ အရင်အလုပ်က ၃လစာပေးလိုက်တာကြောင့် တခြားအလုပ်တစ်ခုရှာရင်း အေးဆေးနေနေတာ ၊ အိမ်လခလဲပေးရမှာ အလုပ်မရှိလို့တော့မဖြစ်ဘူး ။ ခုငှားထားတဲ့အခန်းလေးက သေသေသပ်သပ်နဲ့ အကောင်းကြီးမဟုတ်ပေမယ့် အတော်အသင့်လေးဆိုတော့ နေရထိုင်ရတာ တကယ်အဆင်ပြေတယ် ။ ဒီအခန်းလေးကိုပါ လက်ပြပြီး မနှုတ်ဆက်လိုက်ချင်ပါဘူး ။ ကျွန်တော့်အရွယ် တစ်ကောင်ကြွက်ဘဝအတွက်တော့ ဒီအခြေအနေလေးက မဆိုးဘူးပြောရမယ် ။

အဲတော့ ဒီနေ့ interview ကို အမှီသွားရမယ် ၊ အလုပ်အသစ်ရမှကိုဖြစ်မယ် ။

ရေမိုးအမြန်ချိုးပြီး interview သွားဖြေမှာမလို့ မနေ့ကပြင်ထားတဲ့ အင်္ကျီအဖြူလက်ရှည်နဲ့ ဂျင်းဘောင်းဘီအနက်ရောင်ကို ဝတ်လိုက်တယ် ။ ကော်လံကို သေချာပြင်လိုက်ပြီး အင်္ကျီလက်ကို တံတောင်ဆစ်နားထိ သပ်သပ်ရပ်ရပ်ခေါက်တင်လိုက်တယ် ။ ဆံပင်ကို ခေါင်းလိမ်းဆီလိမ်းပြီး နောက်ကိုလှန်ဖီးလိုက်တော့ ... ကိုယ်လုံးပေါ်မှန်ရှေ့မှာပေါ်နေတာက ... ဝိုးးး တော်တော်ချောတဲ့ငါပါလား ။

မြရောင်ခြယ် ရင်ခွင်၏ အရိပ်ဝယ် Where stories live. Discover now