ဇာတ်​တူသား စားကြသူများ

34.2K 141 7
                                    

"ဇာတ်တူသားစားကြသူများ"
(18+ဇာတ်လမ်းတို)

Pyae Phyo

"ဖေဖေ.. ဟို အသားညိုညို အရပ်ရှည်ရှည်နဲ့ ကောင်လေးက အလုပ်သမား အသစ်လား?" ထက်မြတ်ညွှန်ပြရာဆီ ဦးဝဏ္ဏလှမ်းကြည့်လိုက်ပြီး "ဟို စွတ်ကျယ် အနက်နဲ့ ခပ်တောင့်တောင့်တစ်ယောက်ကိုပြောတာလား?" ထက်မြတ် ခေါင်းငြိမ့်ပြလိုက်တော့ ဦးဝဏ္ဏ အံ့သြတဲ့ အမူအရာနဲ့ "ဟေ.. မင်း သူ့ကိုမမှတ်မိဘူးလား..အဲ့ဒါ မျိုးလင်းလေကွာ၊ မင်းဦးလေးတို့တောင်ကြီးကနေ ခေါ်လာတဲ့ကောင်လေးလေ.." ထက်မြတ် ကိုယ့်မျက်လုံးကိုယ်တောင်မယုံနိုင်အောင် ဖြစ်သွားခဲ့ရတဲ့အထိ မှင်သပ်သွားမိတယ်။ မအံ့သြရောလား.. မျိုးလင်းဆိုတဲ့ ကောင်လေး သူတို့ အလုပ်ရုံကို ရောက်စက ခပ်ငယ်ငယ်ကလေးသာသာရဲ့။ ပုဆိုးကို စူပါမင်းလို လည်ပင်းမှာပတ်၊ နင်ဂျာလို ခေါင်းမှာစွတ်လို့စွတ်နဲ့ ပြေးလွှာ ဆော့ကစားနေတက်တဲ့ ကလေးတစ်ယောက်က ခုတော့ ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်းနဲ့ အညိုအတောင့် အဖြောင့် လူငယ်ကောင်လေးတစ်ယောက်အဖြစ် အသွင်ပြောင်းနေလိုက်တာ... "အော်.. ခုခေတ်ကလေးတွေ အတော်လေး လူဖြစ်လွယ်လိုက်တာ." ထက်မြတ်တစ်ယောက် စိတ်ထဲမှပြောနေမိတော့တာ။

ထက်မြတ် ဖေဖေဦးဝဏ္ဏနဲ့ မေမေဒေါ်သင်ဇာတို့က ကွဲနေကြတာ။ မိဘသဘောတူလို့ ပေါင်းဖက်ယူခဲ့ကြတဲ့ ဦးဝဏ္ဏနဲ့ဒေါ်သင်ဇာတို့ အိမ်ထောင်ရေးက သာယာလှတယ်မဟုတ်။ ထက်မြတ် ၁၀တန်းနှစ် အရောက်မှာ ကွဲကြကွာကြတွေဖြစ်တော့ ထက်မြတ်က သူ့မေမေဒေါ်သင်ဇာနဲ့အတူ ရန်ကုန်မှာ လိုက်နေခဲ့ပြီး ဦးဝဏ္ဏကတော့ မြောက်ပြင်မှာပဲ နေကျန်ခဲ့တာ။  လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ ဦးဝဏ္ဏနေမကောင်းဘူးဆိုတာနဲ့ ပြုစုဖို့ ထက်မြတ် ပြန်ရောက်လာခဲ့တာ။ ဘယ်လောက်ပဲ ငွေကြေးဥစ္စာတွေပြည့်စုံနေပါစေ မမာမကျန်းဖြစ်တဲ့ အခါမျိုးမှာတော့ ကိုယ့်သွေးသားအရင်းချာရဲ့ ပြုစုစောင့်ရှောက်မှုသာ အထူးလိုအပ်တာ။ "မျိုးလင်းက အားကိုးရတယ် သားရ၊ ခု ဝပ်ရှော့အလုပ်ရုံကိုရော ရေဆေးဆီလိုက်ကိုပါ သူ့ပဲ လွှဲပေးထားတာ၊ သူပဲ ဦးစီးဦးကိုင်လုပ်နေတာလေ.." နေမကောင်းဘူးဆိုသည့်တိုင် သားတစ်ယောက်လုံး သူ့ဘေးမှာရှိနေတာမို့ ဦးဝဏ္ဏ အသံတို့က အားပြည့်လို့သာနေပါတယ်။ "ဖေဖေ့ကို အထူးကုဆေးရုံ တစ်ခုခုမှာ အေးဆေး ဆေးကုသမှုခံပြီး နေစေချင်တယ်.." ထက်မြတ်စကားကို လက်မခံချင်ဟန်နဲ့ ခေါင်းခါတယ်။ "ဆေးရုံဆေးခန်းမှာသာ ငါတက်မယ်ဆို မင်းတို့ဆီတောင် အကြောင်းကြားနေမှာ မဟုတ်ဘူးဟ.." ဟုတ်တော့လည်း ဟုတ်ပါတယ်၊ ထက်မြတ် ဘာမှ စောဒက ထပ်မတက်ဖြစ်တော့။ ရေဆေးဆီလိုက်လုပ်နေတဲ့ အလုပ်ရုံထဲက အလုပ်သမားတွေဆီ လှမ်းကြည့်လိုက်မိတော့ မျိုးလင်းနဲ့ မျက်လုံးချင်းဆုံသွားတယ်။ ထက်မြတ်ပြုံးပြလိုက်မိတယ်... မျိုးလင်းလည်း ပြန်ပြုံးပြတယ်.. "သူက ပါးချိုင့်လေးနဲ့ပါလား..." ဒီပုံစံအတိုင်းဆို မြောက်ပြင်မှာပဲ သောင်တင်နေရဦးမှာ။

ဇာတ်​တူသားစားကြသူများWhere stories live. Discover now