ကြယ်ငယ်~~~

14 4 0
                                    

May6 ဆိုတဲ့ရက် နောက်တစ်ခေါက်ရောက်လာခဲ့ပြန်ပေါ့ ကြယ်ငယ်...

မင်းလည်းအသက်တစ်နှစ်ကြီးပြန်ပါပေါ့~~

ကိုယ့်မျက်လုံးထဲမှာတော့....ထာဝရကလေးငယ် တစ်ယောက်လို့ပဲမြင်နေမိတာတော့ မတတ်နိုင်ဘူး ကြယ်ငယ်~~

2017 ခုနှစ်ရဲ့ May 6ဆိုတာကတော့ ကိုယ်တို့နိုင်ငံကလူသားအချို့အတွက် ပျော်ရွှင်စရာ အမှတ်တရတွေနဲ့ပြည့်နေတာပေါ့!!

အ့လူသားအချို့ထဲ ကိုယ်မပါဘူး ကြယ်ငယ်~~

မှတ်မိပါသေးရဲ့!!အ့နေ့မနက် ကိုယ့်မျက်လုံးနှစ်လုံးစဖွင့်မိတာနဲ့ ဘုရားစင်ရှေ့အပြေးသွား...ကိုယ့်ချစ်ရတဲ့မွေးနေ့ရှင်ကြယ်ငယ်လေးအတွက် ဆုတွေတစ်သီကြီးတောင်းလို့ ကိုယ့်တစ်နေ့တာကြည်နူးမှုအပြည့်နဲ့စခဲ့ရတာ!!

မင်းလေးရဲ့ birthday songကို
ိုမင်းလေးကိုချစ်တဲ့လူတွေသံပြိုင်သီဆိုနေချိန်....
Liveဆိုတဲ့ screenတစ်ခုခြားတဲ့နောက်က ပုံရိပ်တွေကြည့်ရင်း....ကိုယ်မျက်ရည်တွေတွေကျမိပါရဲ့~~~

ဒီနှစ်လည်းဘာမှမထူးပါဘူးကြယ်ငယ်!!!!
မနှစ်ကအကြောင်းတွေ ကိုယ်နာကျင်ရလို့ ပြန်မတွေးချင်ပေမဲ့ ကိုယ့် SNSပေါ်မှာတော့ အ့အကြောင်းတွေပလူပြန်လို့်....

တဖန်ပြန်လည်မျက်ရည်ကျမိတာပါပဲ~~~

Sry ကြယ်ငယ်!!
မင်းလေးရဲ့ ပျော်ရွှင်စရာမွေးနေ့ရက်မြတ်လေးမှာ...ဝမ်းနည်းစရာတွေချည်း ပြောမိနေတဲ့ကိုယ်ဟာ...ဘယ်လိုအရူးပါလိမ့်!!!

ဘာပဲဖြစ်ဖြစ်ပါလေ......မွေးနေ့မှစနောင်နှစ်ပေါင်းများစွာအထိ ပိုပီးလင်းလက်စွာ တောက်ပနေပေးပါ ကိုယ့်ရဲ့ကြယ်ငယ်🌟🌟🌟

မင်းသိတောင်သိမှာမဟုတ်တဲ့
                     တည်ရှိမှုတစ်ခုမှ
တောင်းဆိုခြင်းပါလေ!!~~

#bl
#Always-With-ByunBaekHyun

ကြယ်ငယ်~~~Where stories live. Discover now