လွမ်းတယ် ကြယ်ငယ်!!~~
ဘယ်လိုကြောင့်မှန်းမသိ ကြယ်လေးကိုအရမ်းလွမ်းနေတာ!!
ခါတလေ စိတ်ရူးပေါက်လို့တွေးမိသေးတယ်~~
ကိုယ်သာ ကြယ်ငယ်လေးကို...မသိခဲ့ဖူးဆို ခုချိန်ကိုယ့်ရဲ့တစ်နေ့တာတွေထဲ....ဘယ်လိုအလုပ်တွေလုပ်ပီး....ဘယ်အကြောင်းတွေများ ခေါင်းထဲထည့်....ဘယ်သူတွေကိုများ လွမ်းနေရမလဲပေါ့!!အ့လိုတွေပြောလို့ အ့အချိန်ပြန်ရောက်ချင်လားမေး!!
ကိုယ်တွေဝေခြင်းမရှိ ဟင့်အင်း!! လို့ပဲဖြေမိမှာ~~ကိုယ်ကလေ ဖြစ်နိုင်ရင် ကြယ်လေးစတင်ဖြစ်ထွန်းတဲ့အချိန်ကတည်းက ကြယ်လေးကိုသိချင်တာ!!ကြယ်လေးရဲ့ငယ်ဘဝမှာ....ဘယ်လိုတောင်ချစ်ဖို့ကောင်းပီး.....ဘယ်လောက်တောင်ဖြူစင်တာကအစ~~~
ဘယ်လိုအကျင့်လေးတွေက... အရွယ်ရောက်လို့ဘယ်လောက်တောင်ပြောင်းလဲသွားလဲ!!အဆုံး
ကြယ်လေးအကြောင်း ခရေစေ့တွင်းကျ အကုန်သိချင်မိသူရယ်ပါ!!ရယ်စရာတော့အကောင်းသား: D
ကြယ်လေးစတင်မွေးဖွားချိန် ကိုယ်ဟာ အရင်ဘဝမှာပဲရှိသေးတာ!!အ့တာက ငရဲလား? နတ်ပြည်လား? လူ့လောကပဲလားဆိုတာကတော့ ကိုယ်လည်းမသိဖူးရယ်!!:Dအရည်မရ အဖတ်မရတွေ ပြောနေတယ်ဆိုပီးတော့လည်း အပြစ်မတင်ပါနဲ့ ကြယ်ငယ်!!
မင်းလေးကိုလွမ်းတဲ့အလွမ်းတွေကို ခနတာမေ့ဖျောက်ထားဖို့ရာက
ဒီလိုအရည်မရ အဖတ်မရ အူကြောင်ကြောင်အတွေးတွေကို ကိုယ်တွေးနေမိတဲ့အချိန်တစ်ခုပဲရှိလို့ပါကွယ်!!!သိပ်လွမ်းရလို့ပါ ကြယ်ငယ်!!
မင်းသိမှာတောင် မဟုတ်တဲ့
တည်ရှိမှု တစ်ခုမှ
တေးသီခြင်းပါလေ!!~~#bl
Always With Byun BaekHyun