Episode 1

31 6 1
                                    

ကြီးမားလှသောအခန်း ရှေးဆန်းသောလိုက်ကာနှင့်အခန်းအပြင်အဆင် ရှေးဟောင်းစားပွဲခုံကြီးကအခန်းရဲ့အလယ်မှာနေရာယူနေတယ် ထိုနောက်ကြီးမားလှသောရှေးဟောင်းကုတင်ပေါ်တွင်အိပ်ပျော်နေသော ကောင်လေးတစ်ယောက် သူအိပ်ပျော်နေသောပုံစံသည် အရမ်းအပြစ်ကင်းစင်သည် သို့သော် သူရဲ့စိတ်ထဲတွင် ဒဏ်ရာပေါင်းများစွာနှင့်ရှင်သန်နေတယ်ဆိုတာဘယ်သူမှမသိနိုင်ပေ ထို့နောက်အထိန်းတော်ကြီးရဲ့တံခါးခေါက်သံကြောင့်အိပ်ပျော်နေရမှာနိုးလာသူကထိုအိမ်ကြီးရဲ့သခင် မင်းသူရခန့်

'သခင်လေး အိပ်ရာထချိန်ရောက်ပါပြီ အလုပ်သွားဖို့ပြင်ဆင်ရပါတော့မယ်'

'ဦးလေး ကျွန်တော့်ကိုသူရလို့ပဲခေါ်ပါ ရိုသေစရာမလိုပါဘူး' ထိုအထိန်းတော်ကြီးက မင်းသူရခန့်ငယ်စဉ်တုန်းကမိဘတွေနဲ့သူ့အစ်ကိုလင်းသူရခန့်ဆုံးသွားပြီးကတည်းကစောင့်ရှောက်ခဲ့တဲ့သူ လင်းသူရခန့်ကသူ့တို့မိဘတွေသေဆုံးတာမတော်တဆမှုမဟုတ်မှန်းသိတော့ ထိုအကြောင်းကိုလိုက်စုံစမ်းရင် အသတ်ခံခဲ့ရတယ် ထိုအကြောင်းကိုပြန်တွေးလိုက်တိုင်းမင်းသူရခန့်မှာငိုကျွေးခဲ့ရသော ရက်ပေါင်းမနည်းတော့ ထို့နောက် အိပ်ရာအနီးပြတင်းပေါက်ကိုဖွင့်လိုက်တော့ မိုးတိမ်တွေက သူ့ခံစားချက်ကိုနားလည်နေတဲ့အတိုင်းမဲမှောင်နေတယ်

'ဦးလေး မကြာခင်မိုးရွှာတော့မယ်ထင်တယ် အအေးပတ်နေဦးမယ် သတိနဲ့နေနော်'

'ကျေးဇူးတင်ပါတယ် သူရရယ် သားကအရမ်းစိတ်ထားကောင်းလို့ မကြာခင်အမှန်တရားတွေပေါ်လာမှာပါ'

မင်းသူရခန့်ရဲ့စိတ်ရင်းအမှန်ကို ထိုအထိန်းတော်ကြီးနဲ့သူ့သူငယ်ချင်းရှိုင်းမင်းကိုကလွဲရင်ဘယ်သူမှမသိပေ

'အဲ့လိုပြောပေးတာကျေးဇူးတင်ပါတယ် ကျွန်တော့်အစ်ကိုထားခဲ့တဲ့အကြောင်းကိုကျွန်တော်အဆုံးသတ်ပေးရမှာပေါ့'

မင်းသူရခန့်ကသိနေခဲ့တယ် အဓိကတရားခံကို ထိုသူက Sun tour agencyရဲ့presidentဦးနေမင်း သူကမင်းသူရတို့ရဲ့အဖေagencyကိုလိုချင်လို့သတ်ခဲ့တာကို သူသိသည် သို့သော် သက်သေမရှိရ်ျ ဘာမှလုပ်လို့မရပေ သူ့အစ်ကိုခမျာမနားမနေထိုသက်သေကိုလိုက်ရှာရင်းအသတ်ခံရသည်ကိုတွေးလိုက်တိုင်းမျက်ရည်များအတားအဆီးမရှိကျဆင်းလာသည်

MASK(မျက်နာဖုံး)Where stories live. Discover now