ဇွဲမင်းကို မင်းသူရခန့်ကိုမော့အကြည့် မင်းသူရခန့်က ဇွဲမင်းကို ကိုငုံ့အကြည့် သူတို့နှစ်ယောက်ရဲ့နှုတ်ခမ်းများသည် လက်တစ်ချောင်းစာသာကွာဝေးတော့တယ် နောက် ရှိုင်းမင်းကိုရဲ့ချောင်းဟန့်သံကြားမှနှစ်ယောက်သားခွာမိတော့သည်
'ရရဲ့လား ဇွဲ'
'ရ ရ ရပါတယ်'
မင်းသူရခန့်ကမေးလိုက်တော့ထိုကောင်လေးခမျာ စကားထစ်ထစ်နဲ့ပြန်ဖြေရှာတယ် မျက်နှာတစ်ခုလုံးကလည်းနီရဲလို့
'မင်းငါနဲ့ပြန်မလိုက်ရင် မင်းဘယ်မှာနေမှာလဲ အခုနေနေတဲ့နေရာမှာ ငါစိတ်မချဘူး မင်းကငါ့ရဲ့တစ်ဦးတည်းသောညီလေး မင်းတစ်ခုခုဖြစ်ရင် အမေနဲ့အဖေကိုငါဘယ်လိုပြောရမလဲ'
'ကျွန်တော့်ဘာသာကျွန်တော်အဆင်ပြေအောင်နေနိုင်ပါတယ်ဗျာ ကိုကြီးစိတ်မပူပါနဲ့'
'စိတ်မပူလို့ရမလားကွ မင်းဘယ်တုန်းကပြန်ရောက်မှန်းတောင်မသိဘူး အခုထပ်ပြီးပျောက်သွားရင်ဘယ်လိုလုပ်မလဲ'
ရှိုင်းမင်းကို က ဇွဲကိုဖမ်းမလို့ထအလာ ဇွဲကမင်းသူရနောက်မှာပုန်းနေတယ်
'ဒီလိုလုပ်ကွာ မင်း မင်းညီကိုစိတ်မချဘူးမလား သူ့ကိုငါ့အိမ်မှာနေခိုင်းလိုက် ငါလည်းရှိနေတာပဲ စိတ်မပူနဲ့ ငါခေါ်ထားလိုက်မယ်'
'ဟုတ်တယ် ဟုတ်တယ် အဲ့အကြံကောင်းတယ်'
ဇွဲမင်းကိုကဝင်ရ်ျထောက်ခံသည်
'ဟေ့ကောင် ဖြစ်ပါ့မလား အိပ်ခန်းအပိုရှိလို့လား'
ရှိုင်းပြောမှစဉ်းစာမိတာ မင်းသူရ ဟုတ်သားပဲ သူ့အိမ်မှာ သူ့အိပ်ခန်းကလွဲရင် guest roomမရှိပေ
'ငါနဲ့အိပ်ပေါ့'
မင်းသူရအဲ့စကားပြောလိုက်တော့မျက်လုံးပြူးတာဇွဲနဲ့ရှိုင်း
'မဟုတ်ဘူးလေ အဲ့သဘောမဟုတ်ဘူး သူကအိပ်ရာပေါ်မှာအိပ် ငါကကုတင်အောက်မှာအိပ်မယ်လို့'
'သတိထားနော် ဇွဲကvery dangerous'
'ဘာလို့လဲ'
'မင်းအချိန်တန်ရင်သိလိမ့်မယ် ငါပြန်တော့မယ် ဒီကောင်ပြသနာရှာရင်ပြောနော်'
